Sunday, May 22, 2016
KYOCERA Printer Driver
https://www.kyoceradocumentsolutions.eu/index/service/dlc.false.driver.TASKALFA2550CI._.EN.html
Monday, February 22, 2016
ရှိတ်စပီးယား ပုံပြင်များ
https://drive.google.com/file/d/0BwweIhOlEIprdU9qV3NXWGpWSHM/edit?pref=2&pli=1
Tuesday, February 9, 2016
ကွန်ပျူတာနှင့် ပတ်သက် ၍ လူသိနည်းသော အကြောင်းရာများ
ယနေ့ခေတ်တွင် ကွန်ပျူတာသည်
လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။
ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ
တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ
အချို့ရှိပါသည်။
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့်
ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။
စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။
အကြောင်းပြချက်-Disk operating system တွင်ပင် CON အပြင် PRN, AUX, NUL အစရှိသော နာမည်တွေမျိုးကိုလည်း ပေး၍ မရပါ။ ၎င်းတို့၏ reserved name များဖြစ်သည့်အတွက် အကယ်၍ပေးလျှင် default file name တစ်ခုခုကို အော်တိုပြန်ပြီး redirect လုပ်သောကြောင့် windows က ယင်း ကဲ့သို့နာမည်ပေးခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။
TechSpaceဂျာနယ် မှကူးယူတင်ပြသည်
http://techspacejournal.blogspot.com
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့်
ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။
စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။
အကြောင်းပြချက်-Disk operating system တွင်ပင် CON အပြင် PRN, AUX, NUL အစရှိသော နာမည်တွေမျိုးကိုလည်း ပေး၍ မရပါ။ ၎င်းတို့၏ reserved name များဖြစ်သည့်အတွက် အကယ်၍ပေးလျှင် default file name တစ်ခုခုကို အော်တိုပြန်ပြီး redirect လုပ်သောကြောင့် windows က ယင်း ကဲ့သို့နာမည်ပေးခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။
TechSpaceဂျာနယ် မှကူးယူတင်ပြသည်
http://techspacejournal.blogspot.com
IT လေ့လာသူတိုင်း သိသင့်သည့်အရာများ
၁။ GSM ဆိုတာကတော့
Global System for Mobile Communication ဖြစ်ပါတယ်။ ၂။ CDMA ဆိုတာကတော့ Code
Divison Multiple Access ဖြစ်ပါတယ်။ ၃။ MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။ ၄။
MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။ ၅။ PDF ဆိုတာကတော့ Portable Document
Format ဖြစ်ပါတယ်။ ၆။ CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။ ၇။ DVD ဆိုတာကတော့
Digital Versatile Disk ဖြစ်ပါတယ်။ ၈။ HTML ဆိုတာကတော့ Hyper Text Markup Language
ဖြစ်ပါတယ်။ ၉။ WML ဆိုတာကတော့ Wireless Markup Language ပဲ ဖြစ်ပါတယ်။ ၁၀။ TCS ဆိုတာကတော့
Tata Consultancy Services ပဲ ဖြစ်ပါတယ်။ ၁၁။ IP ဆိုတာကတော့ Internet Protocol ပဲ ဖြစ်ပါတယ်။
၁၂။ ISP ဆိုတာကတော့ Internet Service Provider ဖြစ်ပါတယ်။ ၁၃။ TCP ဆိုတာကတော့
Transmission Control Protocol ဖြစ်ပါတယ်။ ၁၄။ UPS ဆိုတာကတော့ Uninterruptible
Power Supply ဖြစ်ပါတယ်။ ၁၅။ WLAN ဆိုတာကတော့ Wireless Local Area Network ဖြစ်ပါတယ်။
၁၆။ HP ဆိုတာကတော့ Hewlett Packard ပဲ ဖြစ်ပါတယ်။ ၁၇။ WAP ဆိုတာကတော့ Wireless
Application Protocol ဖြစ်ပါတယ်။ ၁၈။ VHF ဆိုတာကတော့ Very High Frequency ပဲ ဖြစ်ပါတယ်။
၁၉။ HSDPA ဆိုတာကတော့ High Speed Downlink Packet Access ဖြစ်ပါတယ်။ ၂၀။ IBM ဆိုတာကတော့
International Business Machines ဖြစ်ပါတယ်။ ၂၁။ APPLE ဆိုတာကတော့ Asian Passenger
Payload Experiment ဖြစ်ပါတယ်။ ၂၂။ SONY ဆိုတာကတော့ Sound Of New York ဖြစ်ပါတယ်။ ၂၃။
DELL ဆိုတာကတော့ michael DELL ဖြစ်ပါတယ်။ ၂၄။ HCL ဆိုတာကတော့ Hindustan Computer
Limited ဖြစ်ပါတယ်။ ၂၅။ GE ဆိုတာကတော့ General Electronics ပဲ ဖြစ်ပါတယ်။ ၂၆။
INTEL ဆိုတာကတော့ Integrated Electronics ပဲ ဖြစ်ပါတယ်။ ၂၇။ AMD ဆိုတာကတော့
Advance micro devices ပဲ ဖြစ်ပါတယ်။ ၂၈။ GOOGLE ဆိုတာကတော့ Global Organisation
Of Oriented Group Language of Earth ပဲ ဖြစ်ပါတယ်။ ၂၉။ Google ကို တည်ထောင်ခဲ့ကြသူတွေကတော့
Larry Page နှင့် Sergey Brin တို့ ဖြစ်ပါတယ်။ ၃၀။ Facebook ကို တည်ထောင်ခဲ့တဲ့ သူကတော့
Mark Zuckerberg ဖြစ်ပါတယ်။ ၃၁။ Yahoo တည်ထောင်ခဲ့ကြသူတွေကတော့ David Filo နှင့်
Jerry Yang တို့ ဖြစ်ပါတယ်။ ၃၂။ Twitter တည်ထောင်ခဲ့ကြသူတွေကတော့ Jack Dorsey နှင့်
Dick Costolo တို့ ဖြစ်ပါတယ်။ ၃၃။ Internet ကို တည်ထောင်ခဲ့တဲ့သူကတော့ Tim Berners
Lee ဖြစ်ပါတယ်။ ၃၄။ Linkedin ကို တည်ထောင်ခဲ့ကြသူတွေကတော့ Reid Hoffman ၊ Allen
Blue နှင့် Koonstantin Guericke တို့ ဖြစ်ပါတယ်။ ၃၅။ Email ကို တည်ထောင်ခဲ့တဲ့သူကတော့
Shiva Ayyadurai ဖြစ်ပါတယ်။ ၃၆။ Gtalk ကို တည်ထောင်ခဲ့တဲ့သူကတော့ Richard Wah kan ဖြစ်ပါတယ်။
၃၇။ Skype ကို တည်ထောင်ခဲ့ကြသူတွေကတော့ Niklas Zennstrom ၊ JanusFriis နှင့် Reid
Hoffman တို့ ဖြစ်ပါတယ်။ ၃၈။ Mozilla Firefox ကို တည်ထောင်ခဲ့ကြသူတွေကတော့ Dave
Hyatt နှင့် Blake Ross တို့ ဖြစ်ပါတယ်။ ၃၉။ Wikipedia ကို တည်ထောင်ခဲ့တဲ့သူကတော့
Jimmy Wales ဖြစ်ပါတယ်။ ၄၀။ Youtube တည်ထောင်ခဲ့ကြသူတွေကတော့ Steve Chen ၊ Chad
Hurley နှင့် Jawed Karim တို့ ဖြစ်ပါတယ်။ ဖော်ပြပါ ရှင်းလင်းချက်များ အပြင် အခြားသော
အရာများလည်း ကျန်ရှိပါသေးတယ်။ အဓိက အသုံးဝင်သော အရာများကိုသာ ရှင်းလင်းထားခြင်းသာ ဖြစ်ပါတယ်။
ကွန်ပျူတာ၏ Bit and Byte အကြောင်း
Bit Bit ဆိုသည်မှာ
ကွန်ပျူတာ၏ အသေးဆုံးပမာဏ (သို့ မဟုတ်) electronic informati on storage ၏ အသေးဆုံးသော
ပမာဏတစ်ခုဖြစ်ပါတယ်။ ၄င်းကတော့ information တွေကို စက်နားလည်အောင် 0 (false) (သို့မဟုတ်)
1(true) ကို ထုတ်ပေးပါတယ်။ (မီးခလုတ် ချိန်းသကဲ့သို့ လုပ်ပေးပါတယ်) 8bits=1byteပါ။
Byte Byte ဆိုတာ တိုင်းတာတဲ့ unit တခု ဖြစ်တယ်။ 1 byte မှာ 8 bit ရှိပါတယ်။ ကွန်ပျူ
တာရဲ့ memory ကို ပြောတဲ့အခါ (သို့မဟုတ်) electronic information (data) တွေ ကို ပြောတဲ့
အခါမှာ အသုံးပြုပါတယ်။ byte ကို အများဆုံး english အက္ခရာ အကြီးစာ လုံး B နဲ့ ဖော်ပြပါတယ်။
တခါတရံ မှာတော့ အသေးစာလုံး b ကို အသုံးပြုပါတယ်။ Byte ရဲ့ အကြီးဆုံး unit အတွက်
name တွေကတော့……… Kilobyte သူ့ကိုတော့ ကွန်ပျူတာရဲ့ memory (သို့မဟုတ်) hard
drives တွေအ ကြောင်းကို ပြောတဲ့အခါမှာ အသုံးပြုပါတယ်။ ပထမဆုံး 1kilobyte မှာ 1024
bytes ရှိပါတယ်။ တချို့ သူတွေကတော့ kilobyte တခုမှာ 1000bytes ရှိတယ်လို့ ပြောပြီး
အ မှန်တကယ် 1024 bytes ရှိတာက kibibyte လို့ ပြောပါတယ်။ Kibibyte သူကတော့
information ၏ unit (သို့မဟုတ်) computer storage တခု ဖြစ်ပါတယ်။ kibibyte တခုမှာ
1024 bytes ပါ။ 1024 kibibytes ကတော့ mebibyte တခု ပဲဖြစ်ပါ တယ်။ Megabyte သူ့ကိုတော့
အားလုံးသိကြတဲ့ အတိုင်းပဲ ကွန်ပျူတာရဲ့ memory (သို့မဟုတ်) hard ves တွေအကြောင်း ပြောတဲ့အခါမှာ
အသုံးပြု ပါတယ်။ 1 megabyte မှာ 1 million bytes ရှိပါတယ်။ 1998 ခုနှစ်မတိုင်မှီ
International Electrotechnical Com missi ons (IEC) က ပထမဆုံး mebibyte တခုဟာ
2^20 (သို့ မဟုတ်) 1,048,576 bytes ဟူ ၍ လည်းကောင်း megabytes ကို 1,048,576 bytes
(သို့ မဟုတ်) 1,024 kiloby tes (သို့မဟုတ်)1024^2 bytes ဟူ၍ သတ်မှတ်ခဲ့ပါတယ်။ ကွန်ပျူတာ
သုံးသူ အကြမ်း ဖျင်းကတော့ megabyte ကို (IEC) က ထုတ်တဲ့ ဒီ number တွေထဲက တခုကို သတ်
မှတ် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ Mebibyte သူကတော့တိုင်းတာတဲ့ unit တခုဖြစ်ပါတယ်။၎င်းက
1024*1024 bytes ကို ကိုယ် စားပြုပါတယ်။ mebibyte တခု ဟာ information ရဲ့ unit တခု
(သို့မဟုတ်) ကွန်ပျူ တာ ရဲ့ storage တခုဖြစ်ပါတယ်။ အတို ချူံးကတော့ MiB လို့ ခေါ်ပါတယ်။
1MiB=2^ 20 bytes=1,048,576 bytes=1,024 kibibytes ဖြစ်ပါတယ်။ Mebibyte ဟာ
megabyte နဲ့ နီးစပ်ပါတယ်။ ၄င်းဟာ mebibyte အတွက်ညီမျှ ချက်တခုဖြစ်နိုင်ပါတယ် (သို့မဟုတ်)
10^6 bytes=1,000,000 bytes။ ဒီ unit ကိုလည်း (IEC) ကပဲ သတ် မှတ်ခဲ့ တာပါ။ 1
mebibyte =1024(2^10)kilobytes 1gigabytes=1024 mebibytes Gigabyte (GB or gig) သူ
ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာ ခြင်း unit တခုဖြစ်ပါတယ်။
1 gigbyte = 1 billion bytes ဖြစ်ပါတယ်။Modern com puter တခု၏ Random access
memory(RAM) မှာ 1,073,741,824(2^30)bytes ကို အသုံးပြုပါတယ်။ တချို့ သူတွေကတော့
Gigabyte ကို 1,073,741,824 bytes အ စား1billionbytes ကိုသုံးသင့်တယ်လို့ ပြောကြပါတယ်။
Terabyte သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း
unit တခု ဖြစ်ပါတယ်။ 1terabyte =1000 gigabytes(GB)(သို့ မဟုတ်) trillion (1,000,
000, 000,000)bytes အချို့ သောသူများကတော့ 1 terabyte =1,099,511,627,776 လို့  ပြောကြပါတယ်။
ကြီးမားတဲ့ အဖွဲ့ အစည်းတွေမှာ data တွေကိုသိမ်းဖို့ အတွက် teraby tes ရှိတဲ့ hard
drives တွေကို အသုံးပြုကြပါတယ်။ (ဥပမာအားဖြင့် Microsoft organi zation တွေ server
တွေကိုထိန်းချုပ်တဲ့ organization တွေမှာ သုံးကြပါတယ်…. ကျန်တဲ့ကြီးမားတဲ့
organization တွေမှာ လည်းသုံးကြပါတယ်) လုပ်ငန်းသေးသေးလေးတွေမှာတော့ terabyte ကို မသုံးကြပါဘူး။
အများဆုံးသုံး တာ ကတော့ gigabytes,megabytes နှင့် kilobytes တို့ ကိုသုံးကြပါ တယ်။
နောင်လာ မယ့်အနာဂတ်မှာ အိမ်တွေမှာပါ terabytes တွေကို သုံးစွဲလာကြမယ်လို့ ပြောပါတယ်။
2008 ခုနှစ်မှာ Apple company က iMac computer ကို 1TB hard drives နဲ့ ထုတ် လုပ်ခဲ့ပါတယ်။
Tebibyte သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း
unit တခု ဖြစ်ပါတယ်။ 1 teribytes =1024 gibibytes (GiB) (သို့မဟုတ်) 1,099, 511,
627, 776 bytes.1024 teribytes သည် 1exbibyte ကို ပြုလုပ်ပါတယ်။ 1024 teri bytes
=1exbibyte. Petabyte သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း
unit တခု ဖြစ်ပါတယ်။ 1 Petabytes =1000 terabytes(GB) (သို့မဟုတ်) 1,000,000, 000,
000,000(a thousand trillion). ကြီးမားသောအဖွဲ့ အစည်းများတွင် petabytes ကို
adatastorage ရန်အတွက် အသုံးပြုပါတယ်။ Pebibyte အနာဂတ် ကွန်ပျူတာတွေအတွက် ကြီးမားတဲ့
unit တွေကို တိုင်းတာ ရန်အတွက် အ သုံးပြုပါတယ်။ 1Pebibytes =1024 tebibytes (TiB)
(သို့ မဟုတ်) 1,125, 899, 906, 842,624bytes. Exabyte အနာဂတ် ကွန်ပျူတာတွေအတွက် ကြီးမားတဲ့
unit တွေကိုတိုင်းတာ ရန်အတွက် အ သုံးပြုပါတယ်။ 1 Exabyte=1000petabytes(PB)(သို့ မဟုတ်)1,000,
000,000, 000,000,000bytesဖြစ်ပါတယ်။ Exbibyte သူ့ ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားတဲ့
unit တွေကို တိုင်းတာရန် အ တွက်အသုံးပြု ပါတယ်။ 1 Exbibytes=1024 pebibytes (PiB)
(သို့မဟုတ်) 1,152, 921,504,606,846,976 bytes. 1024 exbibytes =1zebibyte
Zettabyte(ZB) သူ့ ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာရန်
အ တွက်အသုံးပြုပါတယ်။ 1 zettabyte=1000 exabytes (EB) (သို့ မဟုတ်) 1,000,000,
000,000, 000, 000, 000 (a billion trillion) bytes.2008 ခုနှစ်ထိ zettabyte date တခု
ကို သိမ်းဆည်းဖို့  ကြီးမားတဲ့ ကွန်ပျူတာ မရှိသေးပါဘူး။ Yottabyte(YB) သူ့ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက်
ကြီးမားတဲ့ unit တွေကို တိုင်းတာရန်အ တွက် အသုံးပြုပါတယ်။ 1yottabytes =1000
zettabytes(ZB) (သို့မဟုတ်) 1,000, 000,000,000,000,000,000,000 (a trillion
trillion)ဖြစ်ပါတယ်။ 2008ခုနှစ်ထိ yott abyte date တခု ကို သိမ်းဆည်းဖို့ ကြီးမားတဲ့ကွန်ပျူတာ
မရှိသေးပါဘူး။
Wednesday, January 27, 2016
Thursday, January 14, 2016
အနာဂတ် ကလေးငယ်များအတွက် လိုအပ်ချက်များ
အရေးကြီးဆုံးကတော့ ကလေးကို တုံ့ပြန်တဲ့နေရာမှာ ကိုယ်ကိုယ်တိုင် အရင်ဆုံး တည်ငြိမ်နေဖို့လိုပါတယ်။ ဖြစ်နေတဲ့ အခြေအနေကို မိမိရဲ့ (ကိုယ်ပိုင်)မကျေနပ်မှု ၊ဒေါသတွေနဲ့ ရောထွေးပြီး အခြေအနေကို ပိုရှုပ်ထွေးအောင် မလုပ်မိစေဖို့လိုပါတယ်။ ဖေဖေ မေမေ တို့ရဲ့ တာဝန်က ကလေးကို သူတို့ဖြစ်ချင်တာကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပြောတတ်စေဖို့ သင်ယူနိုင်အောင်ကူညီရမှာ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။ ဒါကြောင့် ကိုယ်ကိုယ် တိုင်လဲ တည်ငြိမ်ဖို့လိုတာပါ။
မိဘ (ပြုစုစောင့်ရှောက်သူ) ရဲ့အပြုအမူတွေက ကလေးတွေအတွက် အတုယူစရာ ဥပမာဖြစ်ပါတယ်။ ကလေးကို ရိုက်တာ၊တင်ပါးကို ရိုက်ပြီး အပြစ်ပေးတာ တွေက ပြဿနာမဖြေရှင်းနိုင်ပါဘူး။ ဒီလိုရိုက်ပြီး ဆုံးမရင် " အင်အားသုံးတာ၊ အပြစ်ပေးတာတွေဟာ ဘာမှ မဟုတ်ဘူး၊ အိုကေတယ်" လို့ ကလေးကို သင်ပေးတာနဲ့ တူတူပါပဲ။ ရေရှည်မှာ မကောင်းတဲ့ အမူအကျင့်များ(negative behaviours)သာ ကလေးမှာ ဖြစ်လာမှာပါ။ အမြဲရိုက်ပြီးဆုံးမ ခံရတဲ့ အတွက် သူသင်ယူလိုက်တာဟာ တစ်ခုခုဖြစ်ရင် ကောင်းမွန်တဲ့ နည်းလမ်းနဲ့ဖြေရှင်းစရာမလိုဘူး။ကြမ်းတမ်းစွာ အင်အားသုံးပြီးပဲ ဖြေရှင်းလို့ရတယ်လို့ဘဲ ဖြစ်မှာပါ။ ဒါကြောင့် မိဘရော၊ကလေးရော ကိုယ့်ကိုယ်ကို ထိမ်းချုပ်နိုင်ဖို့ သင်ယူလေ့ကျင့်သင့်ပါတယ်။
tantrum ကို ဖြေရှင်းရာမှာ ကလေး ဘာကြောင့်စိတ်မကျေနပ်သလဲပေါ်မှာ မူတည်ပြီးဖြေရှင်းသင့်ပါတယ်။ တခါတလေမှာ ကလေးကို နှိမ့်သိမ့်ပေးရတဲ့အခါလဲရှိပါတယ်။ ဝုန်းဒိုင်းကျဲ ပေါက်ကွဲမှုတွေကိုတော့ မသိသလို လျစ်လျူရှုနေလိုက်တာကတော့ အကောင်းဆုံးပါပဲ။ * ( ကျွန်မ အရင် နည်းလမ်း(၁) မှာရေးထားသလို မသိသလို နေပေမယ့် ကိုယ်နေဟန်ထားက အရေးကြီးပါတယ်ရှင်။ ပုံမှန်အတိုင်း သူလုပ်တာတွေကို တကယ်ကို မတွေ့လိုက်သလို၊နားမလည်သလိုပါ။ )
တခါတလေတော့ ကလေးကို တစ်ခြား ဟာ တစ်ခုခုပြောင်းလုပ်ပြီး အာရုံပြောင်းပေးနိုင်ပါတယ်။ ကလေးက ပင်ပန်းနေရင်၊ဗိုက်ဆာနေရင်လည်း ဂျီကျနိုင်ပါတယ်။ ဒါကြောင့် အချိန်မှန် အိပ်တာ ၊စားတာ ကလည်း ကလေးစိတ်ကို တည်ငြိမ်ပျော်ရွှင်အောင် အထောက်အပံ့ပေးပါတယ်။
တကယ်လို့ ကလေးက တစ်ခုခုကို မလိုချင်၊ မလုပ်ချင်လို့ tantrum စဖြစ်တာဆိုရင် တည်ငြိမ်စွာနဲ့ ဒေါသမဖြစ်အောင်နေပါ။ ဘာကြောင့် ကလေးဟာ သူလိုချင်တာမရသလဲ ဆိုတာကို အများကြီး ရှင်းပြမနေပါနဲ့။ သူစိတ်တိုနေတဲ့ အချိန်မို့ ရှင်းပြနေတာတွေကို လောလောဆယ် သူနားထဲဝင်ဖို့ ခက်ခဲနိုင်ပါတယ်။ သူယူလို့ ရနိုင်မယ့် ၊လုပ်လို့ရနိုင်မယ့် တစ်ခြားတစ်ခုခုပေးကြည့်ပါ။ တစ်ခြားဟာ တစ်ခုခု ပြောင်းလုပ်တာမျိုး ပြုလုပ်ပါ။
ဒေါသတကြီး ပလုံးပထွေးပြောနေတဲ့ ကလေးကို သူနဲ့ တပြေးညီ ထိုင်ချပြီး လေသံတိုးတိုးလေးလုပ်ပြီး " သားဒေါသကြီးပြီးပြောနေတော့ မေမေ မကြားရဘူး" လို့ ပြောကြည့်ပါ။ ကလေးအများစု ဟာ အားလုံးကို သိချင်စိတ်ပြင်းပြပါတယ်။ မေမေ တို့ တိုးတိုးလေးပြောတဲ့ အတွက် သူတို့ သိပ်မကြားရပါဘူး။ ဒီတော့ သူတို့ ကြားချင်တဲ့ အတွက် အာရုံစိုက်နားထောင်ချင်လာတတ်ပါတယ်။ ဒီအချိန်မှာ မေမေ က လေသံလေးနဲ့ " သြော်.... ဒီလိုလေးဆို ပိုကြားရတယ်ဟုတ်...လာ မေမေနား မေမေပြောပြမယ်" ဆိုပြီး အကြောင်းအရာကို ရှင်းပြနိုင်ပါတယ်။ *Remember... Quiet is more effective than violence.
Tantrum ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုရိုက်တတ်တဲ့ ကလေး၊ သူများကို ရိုက်တတ်တဲ့ကလေး ကို အန္တရာယ်ကင်းပြီး လုံခြုံတိတ်ဆိတ်တဲ့ နေရာကို ခေါ်သွားရွှေ့သွားသင့်ပါတယ်။ သူစိတ်ပြေပြီး ငြိမ်သွားတဲ့အထိ စောင့်ကြည့်သင့်ပါတယ်။ *(ဒီနေရာမှာ ကလေးကိုယ့်ဟာကို ရိုက်တာဟာ သူရဲ့ စိတ်ခံစားချက်ကို ဘယ်လို ပြောရမလဲ မသိလို့ ကလေးဟာ ဒီလိုလုပ်တာပါ။ ဒီလိုရိုက်ရင် လူကြီးတွေကစိုးရိမ်ပြီး သူလိုချင်တာပေးလိုက်ရင် သူဒီနည်းကို အမြဲသုံးတော့မှာပါ။ ဒါကြောင့် စိတ်ကို ခိုင်ခိုင်ထားပြီး သူရိုက်နေတာကို မသိသလိုနေပါ။ သူနာသွားတယ် ဒါပေမယ့် လူကြီးက မသိသလိုပဲ နေတဲ့ အတွက် မေမေ က ငါဒီလိုလုပ်လဲ ငါ့ကိုမပေးပါလားလို့ တခါကနေ နှစ်ခါဆို သူသိသွားပါလိမ့်မယ်။ )**အန္တရာယ် ရှိတဲ့ ပစ္စည်း သူ့နားမရှိပါစေနဲ့။ အန္တရာယ်ရှိတဲ့ နေရာ မဖြစ်ပါစေနဲ့။ ဒီနည်းဟာ ဈေးထဲ၊လမ်းမှာ၊သူများအိမ်မှာ၊ ပလက်ဖောင်းမှာ စတဲ့ public places နေရာတွေမှာ လည်း ဒီအတိုင်းပါပဲရှင်။
ဥပမာ- ကလေးက လမ်းသွားနေရင်း သူသွားချင်တဲ့ ဘက်မသွားရလို့ စပြီး သောင်းကျန်းတယ်ဆိုပါတော့။ သူ့ကိုယ်သူရိုက်တယ်၊ အားမရတော့ ပလက်ဖောင်းပေါ်လှဲချတယ်။ ပလက်ဖောင်းနဲ့ ခေါင်းရိုက်မယ်။ လမ်းမဘက်ပြေးထွက်မယ်။ သေချာပါတယ် မေမေ စိတ်ပူ၊စိတ်ရှုပ် ပျာယာခတ်မှာပါ။ ဒီလို လမ်းမှာ တအားသောင်းကျန်းနေတော့ လွှတ်ထားလို့မရ အန္တရာယ် ရှိလို့ လွတ်တဲ့ လမ်းဘေးတစ်နေရာပဲဖြစ်ဖြစ် ခေါ်သွားပြီး သူ့ကို ဒီအတိုင်းခဏ စောင့်ကြည့်နေပါ။ ဒီအချိန်မှာ ကလေးအများစုက အဖက်မခံဘဲ ရုန်းကန်တတ်ကြပါတယ်။ အဖက်ခံတဲ့ ကလေးဆိုရင် ဖက်ထားပေးပါ။* ဘာမှမပြောပဲ နွေးနွေးထွေးထွေး ဖက်ထားပေးပါ* ။ သူငြိမ်ကျသွားမှ ဘာလို့သွားလို့မရတဲ့ အကြောင်း အေးအေးဆေးဆေးရှင်းပြပေးနိုင်ပါတယ်။ ကလေးဟာ အခြေအနေတစ်ခုခု ( special condition) တစ်ခုခုကြောင့် မဟုတ်ပဲ ပုံမှန် tantrum ဖြစ်တာဆိုရင် ဒီလိုနည်း နှစ်ခါ၊သုံးခါ သုံးရုံနဲ့ နောက်မလုပ်တော့ပါဘူး။ သူမသွားချင်ဘူးဆိုတာ ကို ကောင်းကောင်းမွန်မွန် ပြောပြတတ်လာမှာပါ။
နည်းနည်းပိုကြီးတဲ့ ၅- နှစ် အထက် ကလေးတွေကတော့ ဒီလို ဂျီကျ၊ ထုရိုက်၊အာခေါင်ခြစ်ငိုတာတွေကို သူတို့လိုချင်တာရဖို့ အတွက် သုံးတတ်ကျပါတယ်။ သူတို့ ဒီလိုလုပ်လို့ လူကြီးတွေက လိုက်လျောထားခဲ့မိရင် ပိုဆိုးပါတယ်။ အမြဲတမ်း ဒီနည်းနဲ့ သူတို့လိုချင်တဲ့ အရာကို တောင်းတော့မှာပါ။ ဒါကလဲ သူတို့ အပြစ်မဟုတ်ပဲ ကလေးကို စနစ်တကျ လေ့ကျင့်ထားပေးတာမဟုတ်လို့ သူတို့ကို ဆက်ဆံတဲ့ လူကြီးနဲ့ လိုက်လျောညီထွေ ကလေးက သင်ယူထားတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါပဲ။
ကျောင်းတက်တဲ့ အရွယ် ကလေးဆိုရင်တော့ အခန်းတစ်ခုထဲ ၊ဒါမှမဟုတ် နေရာ လွတ်တစ်ခုမှာ သူစိတ်အေးအောင် အချိန်ပေးပြီး နေစေသင့်ပါတယ်။ ကလေးဟာ သူရဲ့စိတ်ကို ထိမ်းချုပ်နိုင်တဲ့အထိ အဲဒီမှာနေဖို့ပြောပါ။ ဒီလို နေခိုင်းတာဟာ ကလေးကို သူရဲ့ ဒေါသကြောင့်ဖြစ်လာတဲ့ အခြေအနေရလဒ်ကို သူကိုယ်တိုင် ထိရောက်စွာခံစားသိနိုင်ဖို့ အခွင့်အရေးပေးလိုက်တာပါပဲ။ ဒါကြောင့် ကလေးဟာ စိတ်တို သောင်းကျန်းနေစဉ် ပျောက်သွားတဲ့ သူရဲ့ ထိန်းချုပ်နိုင်မှုကို သူပြန်လည် ရရှိနိုင်ပါလိမ့်မယ်။ *ဒါပေမယ့် ဆိုးဝါးတဲ့အမူအကျင့် ( ရိုက်ခြင်း၊ ထုခြင်း) တို့ကိုတော့ စိတ်အေးအောင် တစ်နေရာမှာ နေစေတာကို အချိန်သတ်မှတ်ဖို့လိုပါတယ်။* ၁၀- မိနစ်တန်သည်ပေါ့ရှင်။
အခြေအနေအေးသွားပြီး စိတ်အေးသွားချိန်( After tantrum)
စိတ်အေးသွားတဲ့အထိစောင့်နေပေမယ့် မေမေက သူအငိုတိတ်သွားတဲ့အချိန်မှာ လိုချင်တာကိုပေးလိုက်ရင်တော့ ကလေးရဲ့ tantrum ကို ဆုချလိုက်တာနဲ့အတူတူပါပဲ။ ဒါဟာ ကလေးကို tantrum ပြုလုပ်လို့ရနိုင်တဲ့ အကျိုးလိုသာ သက်သေပြလိုက်တာနဲ့တူတူပါပဲ။ အငိုတိတ်သွားလဲ သူ့ကို ချီပိုးဖက်ထားပြီး သူလုပ်လို့မရ၊စားလို့မရတာကိုတော့ ခုနက မပေးဘူးပြောထားသလို မပေးဘဲသာနေသင့်ပါတယ်။ သူရဲ့ စိတ်ကို ထိန်းချုပ်နိုင်လိုက်တာကို ပါးစပ်က ထုတ်ဖော်ချီးကျူးပေးပါ။" သားလေး က စိတ်ဆိုးပေမယ့် ထိန်းနိုင်တယ်နော်။ တော်တယ်။ မျက်နှာကိုလဲ မရိုက်တော့ဘူး။ ရိုက်ရင် သားသားနာမှာပေါ့" စသဖြင့် ဒီအချိန်မှာ ပြောပေးသင့်ပါတယ်။
ကလေးတွေဟာ ဂျီကျပြီးရင် စိတ်တွေပျော့ပြီး အချော့ခံချင်တတ်ကြပါတယ်။ သူတို့သောင်းကျန်းတာဟာ သိပ်ပြီး ချစ်စရာကောင်းတဲ့ အမူအရာ မဟုတ်ဘူးဆိုတာလဲ သူတို့သိပါတယ်။ ဒါကြောင့် ခုလို ကလေး တည်ငြိမ်သွားတဲ့အချိန်မှာတော့ ကလေးကို ဖက်ထားပြီး ကလေးဟာ ဘယ်လိုဖြစ်ဖြစ် ချစ်ခံရပါတယ်ဆိုတာ သေချာအောင် ပြသဖို့အချိန်ပါပဲနော်။ " မေမေ က သားလေး / သမီးလေး ကို ချစ်တယ်နော်" လို့ တိုးတိုးလေး တဖွဖွပြောပေးပါ။
**အထက်ပါနည်းလမ်းတွေကို သုံးသော်လည်း သက်သာအဆင်ပြေမလာဘဲ အောက်မှာရေးထားတဲ့အချိန်တွေမှာ ဆရာဝန်/နားလည်သူ နှင့်တိုင်ပင်သင့်ပါတယ်။
- မိမိဟာ ကလေးရဲ့ ဂျီကျ၊သောင်းကျန်း တာကို တုံ့ပြန်တဲ့ အခါမှာ မကြာခဏ ဒေါသထွက်မယ်၊ ထိန်းချုပ်နိုင်မှုတွေ မရှိဖြစ်မယ်ဆိုရင် ဆရာဝန်/ နားလည်သူ နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
- Tantrum ကြောင့် ကလေးနဲ့မိမိကြားမှာ မကောင်းတဲ့ စိတ်ခံစားချက်တွေ အများအပြား ဖြစ်လာနေတယ်။
- မိမိရဲ့ အပြုအမူအပေါ် (သို့) ကလေးရဲ့ အပြုအမူအပေါ်ထူးခြားနေတယ်လို့ သိချင်သော မေးခွန်းများရှိလာရင်။
- Tantrum ဖြစ်တဲ့ အကြိမ်ရေပိုများလာရင်၊အချိန် မူလကထက် ပိုကြာလာရင်။
- ကလေးဟာ မကြာခဏ သူ့ကိုယ်သူနဲ့ တခြားသူတွေကို အနာတရဖြစ်စေရင်။
- ကလေးဟာ အလွန်မှ ဆန့်ကျင်ဘက်သဘောတွေဖြစ်ရင်၊ငြင်းခုံမှုတွေ အရမ်းလုပ်ရင်၊ အမြဲတမ်းလိုလို ပူးပေါင်းဆောင်ရွက်တာမျိုး ပြုလုပ်ရန်ခက်ခဲရင်၊နားလည်အောင်ရှင်းပြသော်လဲ နားလည်နိုင်စွမ်းမရှိရင်။
ဆရာဝန်မှ ကျန်းမာရေးစမ်းသပ်မှုများပြုလုပ်ပြီး ပုံမှန် ကလေးတိုင်းဖြစ်နေကျ tantrum ထက်ပိုနေတဲ့ အကြောင်းအရင်းကိုရှာနိုင်ပါတယ်။ *ဒါဟာလဲ ဖြစ်တောင့်ဖြစ်ခဲသာဖြစ်ပါတယ်။ တခါတရံ အကြားအာရုံ ၊ အမြင် အာရုံ အားနည်းနေရင်၊ ရောဂါအခြေအနေ တစ်ခုခုရှိရင်၊ စကားပြောနောက်ကျရင်၊( learning disabilities) သင်ယူနိုင်မှု စွမ်းရည် မရှိရင်လဲ tantrum ကို ပုံမှန်ထက် ပိုဖြစ်စေတတ်ပါတယ်ရှင်။
ကလေးတွေဟာ ကြီးလာတာနဲ့အမျှ သူတို့ကိုယ်သူတို့ထိမ်းချုပ်နိုင်အောင် သင်ယူလာကြပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ ၊ ဆက်ဆံပြောဆိုဖို့၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင်ယူလာကြပါတယ်။ ဒီလိုဆိုရင် tantrum ဟာလဲ ရပ်သွားပြီး သေချာပြောပြ ဆက်ဆံလို့ ရလာကြမှာပါ။ စိတ်မကျေနပ်မှုတွေ နည်းလာပြီး ထိန်းချုပ်နိုင်မှုတွေ များလာရင် ဂျီကျတာတွေလဲ နည်းလာမှာပါ။
ဖေဖေ မေမေတို့ ပျော်ရွှင်တဲ့ မိသားစု ဘဝ များ ပိုင်ဆိုင်နိုင်ကြပါစေရှင်။
မေတ္တာဖြင့်
နီတိုးလေးမေမေ။
#နီတိုးလေးမေမေ #မိခင်ဘဝ
Monday, January 11, 2016
ပျင်းရိခြင်းသည် သင့်အလုပ်မှာ ဒုက္ခပေးနေပါသလား
လူရယ်လို့ ဖြစ်လာသည်နှင့်အမျှ
အရွယ်ရောက်တဲ့အချိန်တွင် အလုပ်ဆိုတာနဲ့ ကြုံဆုံကြမည်မှာ လူသားတိုင်းပင် ဖြစ်ပါတော့သည်။ အရွယ်ရောက်သော လူတစ်ယောက်တွင်
အလုပ်ဆိုသည့်အရာနဲ့ ထိတွေ့ရမှာ ကတော့ ဓမ္မတာပင် ဖြစ်ပါသည်။
ယခုနည်းပညာတိုးတက်လာသောခေတ်တွင် လူငယ်တိုင်း အလုပ်ကိုယ်စီ ရှိကြဖို့
အလိုအပ်ဆုံးပင် ဖြစ်ပါသည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ ကမ္ဘာမှာ အပြောင်းအလဲတွေ
ရှိလာနေ သည်။ ကျွမ်းကျင်မှု အခြေခံမှာ အသိပညာ အခြေခံဘက်သို့ နေ့ချင်း ညချင်းဆိုသလို
ပြောင်းလဲ လာနေသည်။ အတိတ်ကာလနှင့် အဆက်အစပ်ကင်းသော တသီးတသန့်
ဖြစ်ထွန်းလာခဲ့သည်လို့ ဆိုနိုင်ပေ သည်။ ရှေးက ထုတ်လုပ်သူက သူ့စိတ်ကူးနှင့် သူ
ထုတ်လုပ်တာကို စားသုံးသူက သုံးကြရသည်။ ယခုတော့ ဒီလို မဟုတ်တော့ပေ။ ဘယ်သူတွေ
ဘာတွေသုံးသလဲဆိုတဲ့ စစ်တမ်းကောက်ယူမှုအပေါ် မူတည်ပြီး ပြုပြင် ဖန်တီးမှုများနဲ့
တီထွင်လာကြသည့် နည်းပညာခေတ်လို့ ဆိုလာနိုင်ပါသည်။ လူကြီးနဲ့ လူငယ် ခြားနားခြင်း
သည်ပင် လူငယ်တို့အတွက် အံဝင်ခွင်ကျ မောင်းနှင်အားဖြစ်လာသည်။ လူငယ်တို့ရဲ့
ပင်ကိုစရိုက်ကိုက တစ်ဘာသာရှိနေသည့်စိတ်က အလုပ်လုပ်မယ်ဆိုသည့် စိတ်အခြေခံ
အားအင်တစ်ရပ်ကို ဖြစ်ထွန်းစေ ပါသည်။ အထူးသဖြင့် လူငယ်တိုင်းမှာ ရှိနေသည့်စိတ်က
အလုပ်လုပ်မယ်ဆိုတဲ့ အတွေးအခေါ် အယူအဆ သစ်များ ထုံမွှမ်းနေဖို့ လိုအပ်လှပေသည်။
အလုပ်ကြိုးစားခြင်းသည် ကြွယ်ဝ ချမ်းသာခြင်းလမ်းကို တည်ဆောက်နေခြင်း
ဖြစ်ပါသည်။
လူတိုင်း လူတိုင်း အလုပ်လိုသာ သဘောထား၍ လုပ်ကိုင်ခြင်းနှင့် အလုပ်ကို ကြိုးစား၍
လုပ်ကိုင်ခြင်း တို့ကြားတွင် ခြားနားမှုရှိသည်။ အလုပ်ကို အလုပ်လိုသာ သဘောထား၍
လုပ်ကိုင်လျှင် လက်ခံနိုင်ဖွယ်ရှိသော ရလဒ်ကိုတော့ ရရှိမည်။ အလုပ်ကို ကြိုးစား၍
လုပ်ကိုင်လျှင်မူ အကောင်းဆုံး ရလဒ်ကို ရရှိမည် ဖြစ်ပေသည်။ ဇွဲရှိရှိနှင့်
အကောင်းဆုံး ကြိုးစားအားထုတ်လုပ်ကိုင်မှသာ လုပ်ငန်းခွင်ရော ဘ၀တွင်ပါ
ပေါကြွယ်နိုင်ပါမည်။ အလုပ်အပေါ် သစ္စာရှိစွာ ဇောက်ချလုပ်ကိုင်ခြင်းဖြင့် အကောင်းဆုံး
လုပ်ဆောင်ချက် ရရှိနိုင်ရန် လုံလောက် သော စွမ်းအားကို ရရှိပါမည်။ သင်
လုပ်လေသမျှတို့၌ လုပ်သင့်၍ လုပ်နေသည်ဟု မခံယူဘဲ စိတ်ရင်းအမှန်နှင့် ပြင်းပြသော
စိတ်ဆန္ဒများပါ ထည့်ပေါင်း လုပ်ဆောင် သင့်သည်။ အလုပ်က သင့်ငွေကြေး ပိုင်းဆိုင်ရာရော
ကျန်းမာခြင်းကိုပါ တိုးတက်ကောင်းမွန်စေပြီး အလုပ်လုပ်နေခြင်းကြောင့် မကောင်းမှု
အများအပြားမှလည်း ရှောင်ကျဉ်ရာ ရောက်သည်ကို သင် အကျိုးခံစားရမှာ ဖြစ်ပါသည်။
တစ်နေ့တာလုံး အလုပ်ကို ကောင်းစွာ ကြိုးစားပြီး လုပ်ဆောင် ပြီးစီးသည့် နေ့မျိုးတွင်
သင်သည် အင်မတန် ကျေနပ်တင်းတိမ် ပျော်ရွှင်ရလိမ့်မည်။ ပျင်းရိငြီးငွေ့ ဖွယ်ကောင်းသော
အသက်ရှင်သန်မှုသည် စဉ်းစားတွေးခေါ်တတ်သည့် အရာ အမူအကျင့်များကို ၀ါးမျိုးလိုက်ပေမည်။
အလုပ်ကြိုးစားလုပ်ဆောင်ခြင်းသည် သင့်ဘ၀ကို မြှင့်တင်ရာ ရောက်သည်။ အလုပ်
ကြိုးစားခြင်းနှင့် ဇွဲလုံ့လရှိခြင်းတို့သည် သင့်အား အများနှင့်မတူ
တမူထူးခြားစေပြီး ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် လူအများကြားတွင်
သိသာထင်ရှားစေတဲ့အပြင် သင့်လုပ်ရပ်များကိုလည်း ထိုသူတို့ သတိမူလာပါ လိမ့်မည်။
အလုပ်လုပ်ခြင်းဖြင့်သာ လိုအပ်သော အရာဝတ္ထုများကို ရရှိနိုင်ပြီး ထိုအရာများဖြင့်
အခြားသူများရဲ့ လိုအပ်ချက်များ ကို ဖြည့်ဆည်းကူညီနိုင်ပါမည်။ ကျွန်မတို့အားလုံး
အလုပ်လုပ်ကြမှသာ ကျွန်မတို့ ကိုယ်တိုင်နှင့် ကျွန်မတို့ပတ်ဝန်းကျင်မှ
လိုအပ်နေသူများကို ပေးကမ်းထောက်ပံ့ ကူညီနိုင်မှာ ဖြစ်ပါသည်။ သင်လမ်းစ ရှာတတ်လျှင်
ဝင်ငွေရနိုင်မည့် နည်းလမ်းမြောက်မြားစွာ ရှိပါသည်။ မည်သူ တစ်ဦး တစ်ယောက်ကမျှ
အခြားသူများရဲ့ အိတ်ကပ်ထဲမှ ငွေကို အားကိုးပြီး အသက်မရှင်ပါနှင့်။
ကျွန်မတို့အားလုံးတွင် မိမိရဲ့ စားဝတ်နေရေးအတွက် မိမိကိုယ်တိုင် မှန်မှန်ကန်ကန်
ရှာဖွေလုပ်ကိုင် စားသောက်နေထိုင်ရန် တာဝန်ကိုယ်စီ ရှိကြပါသည်။ အလုပ်အကိုင်ရဖို့ရန်
ခက်ခဲကောင်း ခက်ခဲမည် ဖြစ်သော်လည်း ၀င်ငွေရဖို့ရန် မပျင်းမရိ နည်းလမ်းရှာပြီး
တစ်ပါးသူများကို မမှီခိုဘဲ မိမိကိုယ် မိမိ ရပ်တည်နိုင်ရမည်။ သင်တစ်ခု
သိထားဖို့ကတော့ အောင်မြင်မှု ဆိုသည်မှာ မိမိ၏ကိုယ်တွင်းမှ အစပြုပြီး
မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်၏ ဆိုတဲ့ အမြင်ကို ထားရှိဖို့သာ လိုအပ်လှပါသည်။
သင့်အရည် အသွေးများကို အမြဲတိုးတက်မှုရှိနေစေရန် အမြဲဖန်တီးနေရမည်။ ပါးနပ်လိမ္မာစွာ
အလုပ်လုပ်တတ်ခြင်း ဆိုသည်မှာ တူညီသော တစ်ချိန်တည်းတွင် အမှုသာ၍ ပြီးစီးနိုင်ခြင်း
သို့မဟုတ် ယခင် ကထက် ပို၍ လုပ်ဆောင်နိုင်ခြင်းတို့ကို ဆိုလိုပါသည်။ သင်သည်
သင့်ပြိုင်ဘက်ထက် ပိုမိုသာပြီး ဒီထက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်လျှင် သင့်အသိုင်းအ၀ိုင်းတွင်
အစွန်အဖျားရောက်နေသော နေရာမှ အချက် အချာကျသောနေရာသို့ လူအများက သင့်ထုတ်ကုန်
ဝန်ဆောင်မှုတို့ကို တမ်းတရသော အနေအထားသို့ အမှန်တကယ် ရောက်လာမည် ဖြစ်ပေသည်။
လူတိုင်းပင် စိတ်ချမ်းသာမှုကို အလိုရှိကြသည်။ စိတ်ချမ်းသာမှုကိုရမှ
လူ့ဘ၀ရကျိုးနပ်မည်ဟု ယူဆကြသည်။ ထို့ကြောင့် လူတို့သည် စိတ်ချမ်းသာမှုတည်းဟူသော
ပန်းတိုင်ဆီသို့ ရည်မှန်းသွားနေကြ သည်။ စိတ်ချမ်းသာမှုကား နေရောင်ခြည်ထဲ၌
ပြိုးပြိုးပြက်ပြက် တောက်ပနေသော မြူမှုန်ကလေးများကို လက်ဖြင့် ဖမ်းခြင်းငှာ
မစွမ်းနိုင်သကဲ့သို့ ရနိုင်ရန် ခက်ခဲလှသည်ဟု လူတို့ယူဆဖွယ်ရာ ဖြစ်နေခဲ့သည်။
စိတ်ချမ်းသာမှုကို လိုချင်ကြသည်မှာ လူတိုင်းရဲ့ စိတ်အတွင်းသန္တာန်ပင် ဖြစ်ပါသည်။
ပြန်စဉ်းစားကြည့်ဖို့ လိုသည်မှာ စိတ်ချမ်းသာမှုကို မရနိုင်လောက်အောင် မည်သည်က
တားဆီးထားပါသနည်းဟူသော အဖြေကား ရလေပြီ။ ယင်းမှာ ပျင်းရိခြင်းနှင့်
ငြီးငွေ့ခြင်းသည် စိတ်ချမ်းသာမှုနှင့် ဖီလာဖြစ်သည်ကို တွေ့ရှိကြရလေသည်။
ပျင်းခြင်းသည် ပျော်ခြင်းရဲ့ ဆန့်ကျင်ဘက်ပင် ဖြစ်ပါသည်။ အများအားဖြင့်
ငြီးငွေ့ခြင်းကို လူတို့သည် အပျော်အပါးနှင့် ဖြေရန် အားထုတ်တတ်ကြပါသည်။
အပျော်အပါးသည် ငြီးငွေ့ခြင်းကို ပပျောက်စေနိုင်သည့် ဆေးအစစ်အမှန် မဟုတ်ချေ။ အပျော်အပါးသည်
တစ်ခဏတာမျှသာ ဖြေဖျော်မှုဖြစ်ပြီး စိတ်ချမ်းသာမှုအစစ် မဟုတ်သည်သာမက စိတ်နှလုံး
မသာယာဖွယ်သော မကောင်းကျိုးများကိုလည်း ပေးတတ်သေးသည်။ ကျွန်မတို့သည်
ငြီးငွေ့ခြင်းနှင့် ပျင်းရိခြင်းရဲ့ အကြောင်း ရင်းကို ရှာသောအခါ ကျွန်မတို့ရဲ့
ဘ၀တစ်သက်တာ အချိန်ကို ဇယားချ၍ မသုံး တတ်ကြခြင်းကြောင့် ဖြစ်သည်ကို တွေ့ရပေ သည်။
ကျွန်မတို့ရဲ့ ဘ၀တစ်သက်တာ အချိန်ဇယားသည် ညီညာ မျှတမှု မရှိ၊ တစ်စုံတစ်ခုက လို၍
တစ်နေရာက ပိုနေလျှင် ထိုလိုသောအချိန်၊ ပိုသောအချိန်မှာ ကျွန်မတို့ အဖို့
ပျင်းရိခြင်းနဲ့ ငြီးငွေ့ဖွယ်ရာ ဖြစ်လာတတ် ပေသည်။
အလုပ်လုပ်ရာ၌ မည်သည့်နည်းဖြင့်
ထိပ်တန်းရောက်နိုင်မည်နည်း။ သင် ကြိုးစားသည့်အပြင် ပါးနပ် လိမ္မာစွာရှိဖို့
လိုအပ်ပါသည်။ ပါးနပ်လိမ္မာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဟုဆိုရာ၌ အလုပ်လုပ်ပြီး
တိုးတက်မှု ရှိစွာဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ခြင်းကို ဆိုလိုပါသည်။
ယခုလက်ရှိအချိန်အထိ လုပ်ဖူးသမျှတွင် အကောင်း ဆုံးဖြစ်သည်ဆိုသော အရာထက် စဉ်ဆက်မပြတ်
တိုးတက်ကောင်းမွန်နေအောင် မည်ကဲ့သို့ ကြိုးစား လုပ်ဆောင်ရ မည်ကို သင်
အမြဲဆန်းစစ်သင့်သည်။ လူ၏ တိုးတက်မှု ပျက်စီးစေသည့်အရာမှာ ပျင်းရိခြင်းပင်
ဖြစ်ပါသည်။ လူ့သဘာဝအရ ပျင်းရိတတ်သည်။ ပျင်းရိခြင်းကြောင့် သင့်အလုပ်များ ပျက်စီး
ဆုံးရှုံးသွားသည်ကို သင် သတိပြုမိမည် မဟုတ်ပါ။ ကျွန်မတို့အားလုံးသည် တစ်နည်းမဟုတ်
တစ်နည်းအားဖြင့် ပျင်းရိကြသည်။ လူအချို့သည် တစ်နေရာရာ၌ ကြိုးစားအားထုတ်တတ်ကြပြီး
တစ်နေရာရာတွင် အပျင်းထူတတ်ကြသည်။ ယနေ့လုပ်ရမည့်အလုပ်ကို မနက်ဖြန်သို့ ရွှေ့တတ်ကြ
ပေသည်။ လူတိုင်း သတိမမူမိသောအရာကတော့ အပျင်းထူခြင်းက ၀ါးမျိုနေခြင်းပင် ဖြစ်ပါသည်။
ကျွန်မတို့ ကြိုးစားပမ်းစား လုပ်ဆောင်ကြသည့်အပိုင်း၌ ကြွယ်ဝ ပြည့်စုံကာ
ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာဖြင့် အစီအစဉ်တကျရှိပြီး၊ ကျွန်မတို့ သတိမမူ
လျစ်လျူရှုထားသည့် ဘ၀အစိတ်အပိုင်းတို့၌မူ အပျက်အစီးများနှင့် နာကျင်ခြင်းများသာ
ရောပြွန်းနေမည် ဖြစ်ပါသည်။ တစ်ခါတလေ လူ့အကျင့်ဆိုသည့် အတိုင်း အလုပ်ကို သုံးလေးရက်
လောက် လုပ်ပြီး တစ်လလောက် နားချင် နားနေပေလိမ့်မည်။ ကျွန်မတို့ဆီမှာ အစဉ်အမြဲ
ခိုအောင်းနေသည့် ပျင်းရိ ခြင်း ဆို သည့်အရာကို လူတိုင်း တိုက်ဖျက်သင့်ပေသည်။
ကျွန်မတို့ကိုယ်တိုင်
ကျွန်မတို့ကိုယ်တွင်း၌ အစဉ်ပင် တိုက်ပွဲဝင်နေရသည်။ ပျင်းရိခြင်းကို အောင်နိုင်
သည့် တစ်ခု တည်းသော နည်းလမ်းမှာ မိမိကိုယ် မိမိ ပျင်းရိကြောင်း ၀န်ခံခြင်းပင်
ဖြစ်ပါသည်။ ကျွန်မတို့ရဲ့ အတွင်းသန္တာန်ထဲမှာ ငြင်းဆိုနေသော အရာများကို
အောင်နိုင်ဖို့ စတင်ပြင်ပြီး ကျွန်မတို့ လုပ်သင့်သည့် အရာများကို ပြီးမြောက်အောင်
စတင်လုပ်ဆောင်ပါ။ ပျင်းရိခြင်းများကို စတေးလိုက်ပြီး တာဝန်မယူချင်၍ ပေးသော
ဆင်ခြေများကို နေ့စဉ်နှင့်အမျှ ဖယ်ရှားလိုက်ပါ။ လူပျင်းသည် အသိတရား မရှိသည့်အပြင်
ပျင်းရိခြင်းကြောင့် လူမိုက်မည်၏။ ပျင်းရိခြင်းက သူ့ဘ၀ကို ၀ါးမျိုနေပြီး
သူအလိုရှိသော ကောင်းသည့်အရာ အားလုံးကို ဖျက်ဆီးပစ်နေကြောင်းကို နားမလည်ပေ။
ကျွန်မတို့ ကြိုးစားလုပ်ဆောင်သော အရာများ အတွက် ကောင်းကျိုးများကို အမှန်တကယ်
ရရှိခံစားကြရမည် ဖြစ်ပါသည်။ လူပျင်းတစ်ယောက် ထားရှိသော အတွင်းသန္တာန်မှာ ဘ၀တွင်
ငြိမ်းငြိမ်းချမ်းချမ်းနှင့် အပူအပင်ကင်းစွာ နေနိုင်ရေး ဖြစ်သည်။ ပြဿနာ အပူအပင်
ကင်းရန် နေထိုင်နိုင်ရေးသည် အတွင်းသန္တာန် မဟုတ်ပါ။ ထိုသို့ နေထိုင်သွားခြင်းဖြင့်
ဆုတ်ယုတ်ခြင်းများ ရရှိပိုင်ဆိုင်လာမည် ဖြစ်ပါသည်။ ဒီတော့ ပျင်းရိခြင်းကို
ကျော်လွှားနိုင်မည့် လမ်းကတော့
၁။ သင်သည် လူပျင်းဖြစ်သည်ကို ၀န်ခံပါ။
၂။ ဆင်ခြေများ ပေးနေခြင်းမှ
ရပ်တန့်ပါ။
၃။ နေ့စဉ်ပြုလုပ်ရမည့် ကိစ္စများကို
ကောင်းကောင်းရေးဆွဲပြီး အမြန်လုပ်ဆောင်ပါ။
၎။ မဆိုင်းမတွ ယခုပင် ထလုပ်ပါ။
၅။ ပန်းတိုင်ထားရှိပြီး အပြီးသတ်ရမည့်
ရက်စွဲများ သတ်မှတ်ပါ။
၆။ ဇွဲ လုံ့လရှိပါ။
၇။ မိမိကိုယ်ကို အခြားသူများ၏
အစစ်အဆေးကို ခံယူရန် အသင့်ရှိပါ လို့ ပြောချင်ပါသည်။
ပျင်းရိခြင်းသည် ကျန်းမာရေးကို ဖျက်ဆီးစေတတ်သည်။ စိတ်ဓာတ်ညံ့ဖျင်းစေတတ်သည်။ ဥာဏ်
ထိုင်းမှိုင်း စေသည်။ ပညာရေး၊ စီးပွားရေး နှောင့်နှေးစေသည်။ မကောင်းကျိုးဟူသမျှ၏
အရင်းအမြစ် ဖြစ်ကြောင်းကို ကျွန်မတို့ တွေ့မြင်ကြရပေသည်။ ပျင်းရိခြင်းကို
အောင်မြင်ခြင်းဆေးနည်းသည်ကား အနားမနေ အလုပ်လုပ် ခြင်းသာလျှင် ဖြစ်ပေတော့သည်။
လူသားအားလုံး ပျင်းရိခြင်းမှ ကင်းဝေးနိုင်ကြ ပါစေ…။စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ…?
…တစ်ခါတုန်းက
ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့အခါ ကြွင်းကျန်တဲ့ ဓာတ်တော်တွေကို ဌာပနာပြီး
ရွှေစေတီ တည်ပါတယ်။ အရပ်လေးမျက်နှာက ပရိသတ်အပေါင်းကလည်း ပန်းနံ့သာတွေနဲ့ ရွှေစေတီကို
ပူဇော်ကြပါတယ်။ ပန်းတွေနဲ့ ပူဇော်ပွဲမှာ မထင်ရှားတဲ့ အမျိုးသားလေးတစ်ယောက်လည်း
ပါပါတယ်။
…ပန်းပူဇော်သူတွေ
ပြန်သွားတဲ့အခါ အမျိုးသားငယ်က ပန်းတင်လှူထားတာတွေ မညီမညာ ဖြစ်နေတာတွေ့ရတဲ့အတွက်
ကြည့်လို့ကောင်းအောင် ပြုပြင်ပြီး ပြန်ပူဇော်ပါတယ်။ ဒါတင်မကပါဘူး။
သူများလှူခဲ့တဲ့ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ပြီး အဲဒီပူဇော်မှုကိုပဲ
အာရုံပြုပြီး မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားပါတယ်။ ဂုဏ်တော်ပွားတဲ့အခါ
စိတ်က ကြည်ကြည်လင်လင် ဖြစ်လာပါတယ်။ ပြုထားတဲ့ကောင်းမှုကို နှလုံးသားထဲမှာ
ထည့်ထားလိုက်ပါတယ်။
…သက်တမ်းစေ့လို့
ကွယ်လွန်တဲ့အခါ မညီမညာဖြစ်နေတဲ့ ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ရတဲ့
ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်မှာ သုနိက္ခိတ္တနတ်သားရယ်လို့ ဖြစ်ရပါတယ်။ မြန်မာလိုပြောရင်တော့
“ကောင်းကောင်းထား” ပါ။ တန်ခိုးအာနုဘော်ကြီးသလို အခြံအရံတွေလည်း များစွာရပါတယ်တဲ့။
…ဂေါတမမြတ်စွာဘုရားရှင်
ပွင့်တော်မူတဲ့အခါ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် တာဝတိံသာ နတ်ပြည်ကို ရောက်လာပြီး
ဘယ်လိုကုသိုလ်တွေပြုခဲ့လို့ ဒီစည်းစိမ်တွေရတာလဲလို့ ကောင်းကောင်းထား နတ်သားကို
မေးတော်မူပါတယ်။
…ဒီတော့
နတ်သားက “တပည့်တော်ဟာ ရွှေစေတီမှာ ဖရိုဖရဲ မညီမညာ တင်ထားတဲ့ ပန်းတွေကို ကြည့်လို့
ကောင်းအောင် ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ပါတယ်ဘုရား။
အဲဒီကုသိုလ်ကြောင့် ဒီနတ်စည်းစိမ်တွေကို ခံစားနေရတာပါဘုရား” လို့ ပြန်လျှောက်ပါတယ်။
…အရှင်မဟာမောဂ္ဂလာန်က
လူ့ပြည်ပြန်ရောက်တဲ့အခါ ဒီအကြောင်းကို မြတ်စွာဘုရားကို ပြန်လျှောက်ကြပါတယ်။
မြတ်စွာဘုရားရှင်ကလည်း ဒီအကြောင်းကိုပဲ လူပရိသတ်ကို ပြန်ဟောပြ ပေးတော်မူပါတယ်။
…မြတ်စွာဘုရားရဲ့
တရားကို နာကြားရတဲ့ ပရိသတ်တွေဟာ သုနိက္ခိတ္တနတ်သားကို အားကျပြီး “ငါတို့လည်း
သုနိက္ခိတ္တ နတ်သားလို ပိုက်ဆံကုန်စရာမလိုဘဲ သူများလှူတဲ့ပန်းကို ကြည်ညိုဘွယ်
ဖြစ်အောင် ပြန်ပြုပြင် ပူဇော်ရင် နတ်စည်းစိမ်ကို ရလိမ့်မယ်” လို့ နှလုံးသွင်းပြီး
စေတီတော်ကို ရောက်တဲ့အခါ သူများ တင်လှူပြီးသား ပန်းတွေကို ကြည်ညိုဘွယ်ဖြစ်အောင်
ပြုပြင်ပြီး ပြန်ပူဇော်ကြ ပါတယ်။ အဲဒီကုသိုလ်ကြောင့်ပဲ သူတို့လည်း
နတ်ပြည်ရောက်ကြရပါတယ်တဲ့။
(၀ိမာန၀တ္ထုအဋ္ဌကထာ၊
သုနိက္ခိတ္တ၀တ္ထု)
…ရောက်တဲ့အရပ်မှာ
ကိုယ့်ကိုယ်ကိုယ် ကုသိုလ်ဖြစ်အောင် လုပ်တတ်လိုက်ပုံလေးကို သဘောကျလို့ ဒီဝတ္ထုလေးကို
ထုတ်ပြလိုက်တာပါ။
…ပင်ကိုယ်အားဖြင့်
သူ့ရဲ့စိတ်ကလေးကကို မှန်နေလို့ပါ။ ပန်းတွေ ပြုပြင်နေတဲ့အချိန်မှာ
ပန်းပိုင်ရှင်တွေကို အပြစ်တင်တဲ့စိတ်လည်း မရှိမနေခဲ့ပါဘူး။ လူငယ်စကားနဲ့ ပြောရရင်
ဆရာကြီးလုပ်ချင်တဲ့စိတ် ရှိမနေခဲ့ပါဘူး။ တကယ့်ကို စိတ်ထားဖြူဖြူလေးနဲ့
လုပ်ခဲ့တာပါ။ ပြီးတော့ ပိုက်ဆံလည်း မကုန်ခဲ့ပါဘူး။ ကုသိုလ်များ
ရချင်တဲ့သူအတွက်တော့ အမြဲကို လွယ်နေတော့တာပါ။
…စေတီကနေ
အိမ်ပြန်လာတဲ့အခါ သူ့ရဲ့ ခြေလှမ်းတိုင်းမှာ ဘယ်လောက်စိတ်ချမ်းသာနေမယ်ဆိုတာ
တွေးကြည့် တဲ့သူတောင် စိတ်ချမ်းသာရတာပါ။
…စာရေးသူက
စိတ်ချမ်းသာအောင်နေတဲ့သူဆို သိပ်အားကျတာပါ။ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ…..?
…တချို့ကျတော့
စိတ်ချမ်းသာကြပါတယ်။ တချို့ကျတော့ စိတ်မချမ်းသာကြပါဘူး။ အဖြေကတော့ တိုတိုပါပဲ။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ဆင်းရဲရပါတယ်။ ကိုယ့်ရင်ထဲမှာ
ကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ချမ်းသာရပါတယ်။
…တစ်ခါတစ်လေ
စိတ်ချမ်းသာနေပြီဆိုရင် ကိုယ့်ရင်ထဲကို ပြန်အာရုံပြုကြည့်လိုက်ပါ။ ကုသိုလ်စိတ်တွေ
ကိန်းနေ တာတွေ့ရပါလိမ့်မယ်။ ဒါနနဲ့ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ်၊ ဝေယျာဝစ္စ
ပရဟိတနဲ့ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ်၊ ဂုဏ်တော်၊ မေတ္တာ၊
ဝိပဿနာနဲ့ယှဉ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။
…ဒီလိုပါပဲ။
စိတ်ဆင်းရဲနေရပြီဆိုရင်လည်း အကုသိုလ်စိတ်တစ်ခုခု ကိန်းနေလို့ပါ။ ဒေါသပဲဖြစ်ဖြစ်၊
ဣဿာမစ္ဆရိယပဲဖြစ်ဖြစ် အကုသိုလ်စိတ်တစ်ခုခုဝင်နေတာ တွေ့ရပါလိမ့်မယ်။ တကယ်လို့
စိတ်ဆင်းရဲနေလို့ ကိုယ့်ရင်ထဲကို သတိနဲ့ပြန်ကြည့်လို့ အကုသိုလ်စိတ်တစ်ခုခု
ကိန်းနေတာတွေ့ရရင် “ဒီအကုသိုလ်စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲနေတာပဲ” ဆိုပြီး
ဆင်ခြင်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုထ်နဲ့ သေချာထိုင်ပြီး ကိုယ့်ရင်ထဲက
အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်ကြည့်နေလိုက်ပါ။ ဖြစ်နေတဲ့
အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်သိနေလိုက်ပါ။ တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ်၊
သုံးမိနစ်ပဲဖြစ်ဖြစ်၊ ငါးမိနစ်၊ ဆယ်မိနစ်ပဲဖြစ်ဖြစ် အချိန်ကလေး ယူပြီး
ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့စိတ်ကလေးကို သတိကပ်ပြီး သိနေလိုက်ပါ။
…သိပါ
သိပါများလာရင် ထွက်သွားပါလိမ့်မယ်။ တစ်ခုတော့ ရှိပါတယ်။ ကိုယ့်ရင်ထဲရောက်နေတဲ့
အကုသိုလ်က သိပ်ပြီးကြီးနေရင်တော့ အချိန်ကလေးတော့ ယူပေးရပါမယ်။
သိပါများများလာရင်တော့ တဖြည်းဖြည်း လျော့လျော့သွားပါလိမ့်မယ်။ ဒါက
စိတ္တာနုပဿနာခေါ်တဲ့ ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် ပယ်ထုတ်ပစ်လိုက်တာပါ။
…ကိုယ့်ရင်ထဲမှာ
အကုသိုလ်စိတ်တစ်ခုဝင်လာရင် အဲဒီအကုသိုလ်စိတ်ကို ဥာဏ်နဲ့ စိုက်ကြည့်တဲ့ အလုပ်ကို
သေချာထုံထားလိုက်ပါ။ ကြာလာရင် ကိုယ်မျှော်လင်တဲ့ စိတ်ချမ်းသာမှုလေးတွေ
ရောက်လာပါလိမ့်မယ်။
…ကိုယ်က
ဝိပဿနာနဲ့ အဆင့်မြင့်မြင့် မပယ်နိုင်သေးဘူးဆိုရင်တော့ ဖြစ်နေတဲ့ အကုသိုလ်
ကလေးကိုပဲ စိုက်ကြည့်ပြီး “အကုသိုလ်ဆိုတာ မကောင်းဘူး၊ စိတ်ကိုလည်း ပူလောင်စေတယ်၊
ရုပ်ကိုလည်း ပူလောင်စေတယ်” လို့ ထပ်ကာ ထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။ ကိုယ့်ရဲ့
ဆင်ခြင်မှုကို အသိဥာဏ်က လက်ခံသွားပြီဆိုရင် ဖြစ်နေတဲ့ အကုသိုလ်လေးက ထွက်သွားတာ
များတယ်။
…ဆင်ခြင်ပေမယ့်
အသိဥာဏ်ပိုင်းက လက်မခံသေးဘူးဆိုရင်တော့ အကုသိုလ်က မထွက်သေးပါဘူး။
ဆင်ခြင်မှုတွေများလာတဲ့အခါ အသိဥာဏ်ပိုင်းက လက်ခံသွားတဲ့အခါမှာတော့ အကုသိုလ်လေးက
မနေ၀ံ့တော့ပါဘူး။ ထွက်ကို ထွက်သွားရတော့တာပါ။
…ဆင်ခြင်တဲ့နေရာမှာ
“ဘယ်သူက ဘယ်တုန်းက ဘယ်လိုပြုခဲ့လို့ ဘယ်လိုဆိုးကျိုးတွေ ပေးသွားတာ” စသည်ဖြင့်
ကိုယ် လက်တွေ့ တွေ့မြင်ခဲ့ရတာလေးတွေနဲ့ယှဉ်ပြီး အကုသိုလ်ရဲ့ အကျိုးအပြစ်လေး တွေကို
ပေါ်နိုင်သမျှပေါ်အောင် ပုံဖော်ပြီး ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်လို့လည်း ရပါတယ်။
ဒါမှမဟုတ် ကိုယ်ကြားဖူးထားတဲ့ အကုသိုလ်ဆိုးကျိုး ၀တ္ထုဇာတ်လမ်းတွေကို အာရုံပြုပြီး
ဆင်ခြင်လို့လည်း ရပါတယ်။
…အဓိကကတော့
ဒီအကုသိုလ်စိတ်ကလေးကြောင့် ကိုယ်စိတ်ဆင်းရဲနေရတယ်ဆိုတာ သေချာ သိထားဖို့ပါပဲ။
သိထားပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီအကုသိုလ် စိတ်ကလေးကို မလိုလားဘူးဆိုရင်
ဆင်ခြင်ပြီးပဲ ပယ်ပယ်၊ ၀ိပဿနာမှတ်ပြီးပဲ ပယ်ပယ် ပယ်လို့လွယ်သွားတာများပါတယ်။
Subscribe to:
Comments (Atom)