Wednesday, January 6, 2016

သိမှတ်ဖွယ်ရာများ



InDesign ... Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
Illustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
Photoshop ... Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။
PageMaker 7 ... File > Preference > General > More > Use Typographer's Quotes ကို Uncheck လုပ်ပါ။
Corel Draw 12 ... Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)
Microsoft Word ... Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။
ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။ အားလုံးပြုံးပျော်ကြပါစေဗျား ...

ရေးသားသူ ကိုicefirester

pmd ရဲ့ ဖြေးရှင်းနည်းအသေးစိတ်ကို တင်ပြဆွေးနွေးပါမယ်..
Pmd အားလုံးမှာ file new တောင်းခံသည့်အချိန်၊ Word (သို့) powerpnt ထဲက စာသားတွေကို Pmdသို့ ကူးယူတဲ့ အချိန် ဖြစ်ပေါ်လေ့ရှိပါတယ်…
Pmd အားလုံးမှာ မှာ file - Preferences - General…. – More… - Use typographer’s – quotes ထဲက Uncheck လုပ်ပါ။အဆင်ပြေပါမယ်.
Office 2007 Microsoft Word မှာဆိုရင် office Button – Word Options – Proofings –Auto correct Option… - AutoFormat As you type – ‘’strainght quotes’’ with “smart quotes” ကို Uncheck လုပ်ပါ
Office 2007 Microsoft PowerPoint မှာဆိုရင် အထက်ပါနည်းလမ်းအတိုင်းပါပဲ။
Office 2007 Microsoft Excel မှာဆိုရင် cell တစ်ကွက်ထဲမှာ``ဒ နဲ့ ဓ ´´ ကို တစ်လုံးတည်းထားရှိအသုံးပြုလို့ မရပါဘူး။
IT pro သမားတွေရဲ့ ပြဿနာရှင်းလင်းနည်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်.. အလွယ်ကူဆုံးနည်းများကိုသာ စာဖတ်သူသုံးစွဲပါ..
အဆိုပါ ကိစ္စရပ်တွေဟာ font နဲ့ပတ်သက်ပြီ fake ကိစ္စများကြောင့်သာဖြစ်ပါတယ်.. စာဖတ်သူ လေ့လာမည်ဆိုပါက Computer Magazine no.6 October 2007 မှာပါတဲ့ ယူနီကုတ်ဆိုတာ ချိုနဲ့လား title ကိုလေ့လာပါ။
msconfig
Windows XP ကို လိုအပ်သလို speed မြင့်တင်လို့ရမဲနည်းလမ်းတွေကို ခွဲခြားကြည့်ပါတယ်..၁. build in (MS)အပိုင်းတွင် ပြုပြင်ခြင်း၂. အခြား software အထောက်အကူဖြင့် လို့ခေါင်းစဉ်ခွဲလိုက်တယ်..(တခုပြောစရာရှိတာကို Widows ရဲ့ Speed ကို မြှင့်တင်တာ (Hardware)မြှင့်တဲ့အကြောင်းကတော့ ပြောစရာမလိုပါဘူး)Buildin မှာmsconfig မှ General-Selective startup ကိုရွေးချယ်ခြင်း၊Services မှ မလိုသော အရာတွေကို ဖြုတ်ခြင်း၊startup တွင် Speed မြင့်တက်လာစေရန် အနည်းဆုံးတစ်ခု(သို့) ဘာမှ မရွေးချယ်ခြင်း၊Windows startup လုပ်ချိန်တွင် မည်သည် prog ကိုမှ အလုပ်မလုပ်စေခြင်း၊Windows startupတစ်ခါတစ်ရံ msconfig ထဲမှာ exploerc.exe,system.exe,bad1.exe,bad2.exe,bad3.exe ,စတဲ virus တွေ startup ၀င်ရောက်ပြီးWindows speed ကို ကျသွားစေတယ်...တချို့ software ရေးဆွဲသူတွေက သူတို့ programs တွေမြန်အောင် msconfig ထဲမှာအလုပ်စေတယ်..Designer တချို့ကတော့ CS3 ပိုမြန်လာအောင် plugin တွေကို msconfigနဲ့ တွဲအလုပ်လုပ်စေတယ်..သူကိုထိန်းချုပ်ဖို့ admini right ရှိဖို့လိုတယ်..၊ပြောရရင် တိကျစွာထိန်းချုပ်ထားဖိုနဲ့ မလိုအပ်တာကို run ခွင့်မပြုတာ ကောင်းပါတယ်.. SYSTEM.INI, WIN.INI မှာလဲ မလိုအပ်တဲ့ 16bit programs ကိုဖျတ်ထားပြီး အခြား programs အလုပ်မလုပ်စေတဲပိုမြန်စေတယ်..Windows XP တွင် System Configuration Utility ၌ပါသည့် General,SYSTEM.INI,WIN. INI,BOOT.INI,Services,Startup,Tools (၆) တွေကိုကောင်းစွာကိုင်တွယ်ထိန်းချုပ်ခြင်းက WindowsXP startup ကိုပိုမြန်စေတယ်..အလာတူVista မှာ System Configuration လို့(Utility)စာသားမပါတော့၊ General,BOOT.INI,Services,Startup,Toolsတို့(၄)ခု သာပါရှိတယ်..General တွင် Selective startup ၌ process SYSTEM.INI,WIN.INI တို့မပါလာတော့ပါ..၊BOOT.INI တွင် Active Directory repair အသစ်ပါဝင်လာတယ်..loading ဆွဲအချိန်မှာ သတိထားကြည့်သင့်တယ်..WindowsXP (3)loading ဆွဲတာ ပုံမှန်အနေအထားပါ...ထပ်ပြီးတိုးလာကCS3(1)loading၊Kaspersky(1)loading စသည်ဖြင့် (၁)ချက်စီ ထပ်တိုးလာပါတယ်..loading ဆွဲတာကို ဖျောက်မထားသင့်ပါဘူး၊ဒါမှ ကိုယ့်စက်အခြေအနေကိုသိရမှာပါ.. loading(15)ချက်လောက်ဆွဲနေရင် တစ်ခုခုမှားနေတာကို သိရှိနိုင်တယ်...ဆက်လက်ဆွေးနွေးပါမည်။

ဒ ၊ ဓ´´ ပြဿနာဖြေးရှင်းနည်းများ.ကို Zulu ရဲ့ Program အလိုက် ဖြေးရှင်းနည်းများကို စုစည်းတင်ပြထားပါတယ်။ဒဒွေး ဒုက္ခပေးနေသလား
·         InDesign ... Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
·         Illustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
·         Photoshop ... Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။
·         PageMaker 7 ... File > Preference > General > More > Use Typographer's Quotes ကို Uncheck လုပ်ပါ။
·         Corel Draw 12 ... Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)
·         Microsoft Word ... Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။
ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။ အားလုံးပြုံးပျော်ကြပါစေဗျား ...icefiresterpmd ရဲ့ ဖြေးရှင်းနည်းအသေးစိတ်ကို တင်ပြဆွေးနွေးပါမယ်..Pmd အားလုံးမှာ file new တောင်းခံသည့်အချိန်၊ Word (သို့) powerpnt ထဲက စာသားတွေကို Pmdသို့ ကူးယူတဲ့ အချိန် ဖြစ်ပေါ်လေ့ရှိပါတယ်
·         Pmd အားလုံးမှာ မှာ file - Preferences - General…. – More… - Use typographer’s – quotes ထဲက Uncheck လုပ်ပါ။အဆင်ပြေပါမယ်.
·         Office 2007 Microsoft Word မှာဆိုရင် office Button – Word Options – Proofings –Auto correct Option… - AutoFormat As you type – ‘’strainght quotes’’ with “smart quotes” ကို Uncheck လုပ်ပါ
·         Office 2007 Microsoft powerpoing မှာဆိုရင် အထက်ပါနည်းလမ်းအတိုင်းပါပဲ။
·         Office 2007 Microsoft excel မှာဆိုရင် cell တစ်ကွက်ထဲမှာ``ဒ နဲ့ ဓ ´´ ကို တစ်လုံးတည်းထားရှိအသုံးပြုလို့ မရပါဘူး။ စမ်းသပ်လေ့လာဆဲပါ။
အဆိုပါ ကိစ္စရပ်တွေဟာ font နဲ့ပတ်သက်ပြီ fake ကိစ္စများကြောင့်သာဖြစ်ပါတယ်..မြန်မာစာကိုစတင်အသုံးပြုသူတွေမှာ ဖြစ်တက်ပါတယ်..Zawgyi သုံးရင်မဖြစ်လာပါဘူး၊Zawgyi ရဲ့အောင်မြင်မှုက တစ်ချိန်မှာ ဒဒွေး ဓ ပြဿနာတွေ ကျော်လွှာသွားမယ် ထင်တယ်စာဖတ်သူ လေ့လာမည်ဆိုပါက Computer Magazine no.6 October 2007 မှာပါတဲ့ ယူနီကုတ်ဆိုတာ ချိုနဲ့လား title ကိုလေ့လာပါ ချစ်စွာသော icefirester@gmail.comTechnorati Tags: ဒဒွေး , ဒ , စာစီစာရိုက် , quotes , DTP , font+quotes , မြန်မာစာ Windows XP speed မြင့်တင်နည်း
Windows XPSP3 သတိပြုပါ
SP3 ဆိုပြီး S-277A CD (ပုံ ၁ )အခွေနဲ့P5LD2-X/1333 နဲ့ GA-81945ZME-RH စက်နှစ်လုံးပေါ် Windows တင်လိုက်တယ်.ဘာပြောကောင်းလဲ မမေးနဲ့ဘာမှမရှိတဲ့ PCI (ပုံ -၂) က error လာပြတယ်..ဒါတင်မကဘူး soung driver (ပုံ -၃) ကလဲ တင်မရတင်လိုက်ရင် Windows error ဖြစ်သွားတယ်အင် S-277A ပဲသုံးလို့ S-277B သာသုံးလို့ကတော့ ဘာတွေဖြစ်မလဲမသိဘူးS-277B CD မှာ Microsoft(R) Windows XP Multilingual User Interface Packပါတယ်.သတိထားတာကောင်းပါတယ်...Version 5.1 (Build 2600.xpsp.080212-0005 : Service Pack 3, v. 3311အမျိုးအစားဖြစ်တယ်...MS မူရင်း SP3 ကိုရှာပြီး သုံးတာ စိတ်ချရပါတယ်..http://www.microsoft.com/downloads/details.aspx?FamilyID=68c48dad-bc34-40be-8d85-6bb4f56f5110&displaylang=en ကို ၀င်ရောက်ပြီး SP3 အကြောင်းကို ဖတ်ကြည့် သင့်ပါတယ်..လိုအပ်တယ်ထင်ရင် download ဆွဲကြည့်ပါ၊end user တွေအတွက်ကို အဓိကထားပါတယ်... windowsxp-kb936929-sp3-x86-enu.exe336MBရှိပါတယ်... http://www.mydigitallife.info/2007/12/21/download-windows-xp-sp3-kb936929-rc-v3264-self-extracting-setup-package/
Portable Applications

အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများမည်သည့် အိပ်ဆောင် ခရီးဆောင် မှတ်ဥာဏ် ပစ္စည်း (Portable Memory Devices) အတွင်းသို့မဆို သယ်ဆောင် သွားနိုင်ပြီး၊ မည်သည့် ကွန်ပျုတာတွင်မဆို ၄င်း ကွန်ပျုတာအတွင်းသို့ Installation ပြုလုပ်စရာမလိုဘဲ အသုံးပြုနိုင်သော အသုံးချ ဆော့ဖ်ဝဲများ အားလုံးကို အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများဟု ခေါ်နိုင်သည်။ အသုံးပြုသူ အနေဖြင့် ဆောင်ရွက်လိုက်သမျှ လုပ်ငန်းများ အားလုံးကို အဆိုပါ ဆော့ဖ်ဝဲများ၏ တည်နေရာတွင် တစ်ခါတည်း မှတ်သား ပေးထားနိုင်သည်။ဤအဓိပ္ပါယ်မှာ ဤဆော့ဖ်ဝဲများကို ကွန်ပျုတာ မောင်းနှင်လည်ပတ်မှု စနစ် (Operating System) အမျိုးမျိုး၊ မတူညီသော ပလက်ဖောင်း အမျိုးမျိုးနှင့် မတူညီသော အမာထည် (Hardware) အမျိုးမျိုးတွင် အသုံးပြုနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများသည် ကွန်ပျုတာဆော့ဖ်ဝဲများနှင့် ၄င်းတို့၏ အပြင်အဆင် (Configuration) များကို တစ်နေရာတည်းတွင် အသုံးပြုနိုင်၊ မှတ်သားထားနိုင် စေရန် ဆောင်ရွက်ပေးထားသည့် ဆော့ဖ်ဝဲ ပရိုဂရမ်များ ဖြစ်ကြသည်။ ခရီးဆောင် အိပ်ဆောင် မှတ်ဥာဏ် ပစ္စည်းများ (Portable Memory Devices) ဟု ဆိုရာတွင် အလွယ်တကူ ရွှေ့ပြောင်း သယ်ယူ သွားနိုင်သည့် စီဒီရွမ် (CD-ROM)၊ USB ဖြင့်တွဲဖက် အသုံးပြုနိုင်သော Drive များ (USB flash drive) flash card သို့မဟုတ် Floppy disk စသည့် ကိရိယာများ ပါဝင်သည်။ ထို့ကြောင့် မည်သည့်နေရာ သို့မဆို သယ်ယူသွားနိုင်ပြီး မည်သည့် ကွန်ပျူတာ တွင်မဆို အသုံးပြုနိုင်သည်။Properties of a Portable Applicationဆော့ဖ်ဝဲ ပရိုဂရမ် တစ်ခုကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် အဆိုပါဆော့ဖ်ဝဲသည် -
1.  မည်သည့် ကွန်ပျုတာတွင်မဆို အသုံးမပြုမီ အချိန်တွင် အသုံးပြုနိုင်ရန်အတွက် တပ်ဆင် ထည့်သွင်းရခြင်း (Installation) မျိုး ဆောင်ရွက်ရန် မလိုအပ်ခြင်း။ ဆော့ဖ်ဝဲကို အသုံးပြုမည့် ခရီးဆောင် မှတ်ဥာဏ် ပစ္စည်းအတွင်းသို့ အလွယ်တကူ ပြန်ဖွ (Unzip) လိုက်ရန်သာ လိုအပ်ခြင်း။ အကယ်၍ ပထမဆုံး အကြိမ်တွင် တပ်ဆင် ထည့်သွင်းရပြီး၊ နောက်မှ လိုအပ်သော ဖိုင်များကို ခရီးဆောင်မှတ်ဥာဏ် ပစ္စည်းအတွင်းသို့ ကူးယူ ရွှေ့ပြောင်း ထည့်သွင်း အသုံးပြုရပါက ထိုဆော့ဖ်ဝဲမျိုးကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည်ဟု မခေါ်နိုင်ပေ။
2.  အပြင်အဆင်များကို ဆော့ဖ်ဝဲနှင့်အတူ သိမ်းဆည်းထားနိုင်ရမည်။ အတူ သယ်ဆောင်သွားနိုင်ရမည်။ တနည်းအားဖြင့် USB Drive ကဲ့သို့သော ခရီးဆောင် မှတ်ဥာဏ် ပစ္စည်းများတွင် ရေးသွင်း မှတ်သားထားနိုင်ရမည်။ အကယ်၍ အပြင်အဆင်များကို မှတ်သားနိုင်ရန် အတွက် ကွန်ပျုတာ၏ မှတ်တမ်းစနစ် (Registry) ကို အသုံးပြုရမည် ဆိုပါက အဆိုပါ ဆော့ဖ်ဝဲ ပရိုဂရမ်ကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည်ဟု မဆိုနိုင်ပေ။ ၄င်းဆော့ဖ်ဝဲကို အသုံးပြုမည့် မည်သည့် ကွန်ပျုတာတွင် မဆို ထပ်မံ တပ်ဆင် ထည့်သွင်းပေးရန် လိုအပ်မည် ဖြစ်သည်။
3.  အသုံးပြုခဲ့သည့် မည်သည့် ကွန်ပျုတာတွင် မဆို မည်သည့် ခြေရာလက်ရာ အစအနမျိုးမဆို ကျန်ရစ်ခဲ့ခြင်းမျိုး မရှိစေရ။ ဥပမာ - ယာယီ မှတ်သား အသုံးပြုသော ဖိုင်များ နှင့် Registry အပြင်အဆင်များ အားလုံးသည် ဆော့ဖ်ဝဲ ပရိုဂရမ်ကို ပိတ်လိုက်၊ အဆုံးသတ်လိုက် သည်နှင့်တပြိုင်နက်တည်း အသုံးပြုနေသော ကွန်ပျုတာမှ ဖယ်ရှားလိုက်ပြီး ဖြစ်နေရမည်။ အသုံးပြုသူမှ ဖန်တီးလိုက်သော ဖိုင်များသည် ဆော့ဖ်ဝဲ ပရိုဂရမ်ကို သိုမှီး သိမ်းဆည်းထားသော ခရီးဆောင် မှတ်ဥာဏ်ပစ္စည်း အတွင်း တစ်ခါတည်း သိမ်းဆည်းလိုက်ပြီး ဖြစ်နေရမည်။
Included Applications ပါရှိသော အသုံးချ ဆော့ဖ်ဝဲများခရီဆောင် ဆော့ဖ်ဝဲများတွင် Standard Edition၊ Lite Edition နှင့် Base Edition ဟူ၍ အမျိုးအစား သုံးမျိုး ရှိသည်။
1.  Standard Edition တွင် ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲ ClamWin၊ အင်တာနက်ကြည့် ဆော့ဖ်ဝဲ Mozilla Firefox၊ အမြန်စာတိုပို့ ဆော့ဖ်ဝဲ Gaim၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် OpenOffice.org၊ ဆော့ကစားရန် Sudoku၊ အချိန်ဇယား ရေးဆွဲရန်နှင့် ပြက္ခဒိန်အတွက် Mozilla Sunbird နှင့် အီးမေးလ် အတွက် Mozilla Thunderbird တို့ ပါရှိသည်။ ဤ Standard Edition ကို ခရီးဆောင် မှတ်ဥာဏ်တစ်ခု အတွင်း Install ပြုလုပ်လိုက်ပါက 300 MB မျှအထိ နေရာယူ သဖြင့် 512 MB အနည်းဆုံး ရှိသော ခရီးဆောင်မှတ်ဥာဏ်များဖြင့်သာ ကောင်းစွာ အလုပ်လုပ်နိုင်သည်။
2.  Lite Edition တွင် OpenOffice.org တစ်ခုလုံး အစား၊ စာစီစာရိုက် ပြုလုပ်နိုင်ရန် အတွက် AbiWord တစ်ခုတည်းသာ ပါရှိလာသည်။ ထို့ကြောင့် 256MB မျှအထိ ရှိသော ခရီးဆောင်မှတ်ဥာဏ်များတွင် ကောင်းစွာ အလုပ်လုပ်နိုင်သည်။
3.  အကယ်၍ မိမိအတွက် လိုအပ်သော ဆော့ဖ်ဝဲကိုသာ အတိအကျရွေးချယ် အသုံးပြုလိုပါ Base Edition ကို အသုံးပြုနိုင်သည်။ ၄င်းတွင် PortableApps Menu, PortableApps Backup utility နှင့် လိုအပ်သော Folder များ၊ အိုင်ကွန်များနှင့် Autorun ဖိုင်တစ်ခုသာ ပါရှိမည် ဖြစ်သည်။ အရွယ်အစားမှာ 1MB ထက်ပင် လျော့နည်းသောကြောင့် ပမာဏ နည်းပါးသော ခရီးဆောင်မှတ်ဥာဏ် ပစ္စည်းများ အတွက် အလွန်ကောင်းသည့် ရွေးချယ်မှု ဖြစ်သည်။
Ref:http://portableapps.com/suitehttp://en.wikipedia.org/wiki/Portable_applicationကျွန်ပျူတာ လုံခြုံရေး နည်းလမ်းSunday, July 20, 2008 1:01 PM               ကွန်ပျုတာ လုံခြုံရေး ရတက်အေးစရာ နည်းလမ်း ၇၂ သွယ် - အပိုင်း (၁)
ကျွန်တော်တို့ သည် ကွန်ပျုတာကို ယခုမှ စတင် အသုံးပြုတတ်ကာစ သူတစ်ဦး ဖြစ်စေ၊ ကာလရှည်ကြာစွာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေသူ တစ်ဦး ဖြစ်စေ ကျွန်တော်တို့နှင့် ကျွန်တော်တို့၏ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အနေဖြင့် ကွန်ပျုတာနှင့် အင်တာနက်ကို အသုံးပြုကြသည့် အခါတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ရန်မှာ အထူးအရေးကြီးပေသည်။
ယခုခေတ်၊ ယခုအခါကဲ့သို့ နေရာတကာတွင် ဗိုင်းရပ်စ်(Virus)၊ ထရိုဂျန်(Trojan) စသည့် ကွန်ပျုတာများနှင့် ကွန်ပျုတာ အသုံးပြုသူများကို အချိန်မရွေး၊ နေရာမရွေး စိတ်အနှောင့်အယှက် ပေးနိုင်သော၊ ဒုက္ခပေးနိုင်သော ဘေးရန် များလွန်းသည့် အခြေအနေတွင် ကွန်ပျုတာကို စိတ်အေးလက်အေး အသုံးပြုနိုင်ရန်မှာ - အင်တာနက် ချိတ်ဆက်မှုကို ရပ်တန့်ထားကာ၊ မည်သည့် ဆော့ဖ်ဝဲ ပရိုဂရမ်၊ မည်သည့် မှတ်ဥာဏ်ပစ္စည်း (Memory Device)ကိုမျှ ကွန်ပျုတာအတွင်း တပ်ဆင်အသုံးပြုမှု မပြုဘဲနေခြင်းများ - ကသာ အကောင်းဆုံး ဖြစ်တော့မည်ဟု ထင်မှတ်ရသည့် အခြေအနေ ဖြစ်လာသည်။
ထိုကဲ့သို့နေလျှင်လည်း ရကောင်း ရနိုင်ဖွယ်ရာ ရှိပါသည်။ သို့သော် အင်တာနက်ကိုလည်း အသုံးမပျက် အသုံးပြုရင်း၊ နှစ်သက် သဘောကျသည့် ဆော့ဖ်ဝဲ ပရိုရမ် အသစ်အဆန်းများ ကိုလည်း ကွန်ပျုတာအတွင်း တပ်ဆင်စမ်းသပ် အသုံးပြုရင်း၊ ဘေးကင်းရန်ကင်းလည်း နေထိုင်နိုင်သည့် နည်းလမ်းများ ရှိမည်ဆိုပါက - ထိုနည်းလမ်းများကို အသုံးပြုခြင်းက ပိုကောင်းမည် မဟုတ်ပါလား။
ကျွန်တော်တို့ အနေဖြင့် -
1. အကာအကွယ်ပေးသည့် ဆော့ဖ်ဝဲများကိုလည်း ကွန်ပျုတာတွင် ထည့်သွင်းတပ်ဆင် ထားမည်။
2. ကွန်ပျုတာ အသုံးပြုသည့်အခါ လိုက်နာရမည့် ဆောင်ရန်၊ရှောင်ရန် အလေ့အကျင့်ကောင်းများ ကိုလည်း လေ့လာ မှတ်သားထားမည်။
3. အရေးအကြီးဆုံး အချက်တစ်ခု အနေဖြင့် အခြေအနေတစ်ရပ်ကို ကောင်းမွန်စွာ သုံးသပ် ဆုံးဖြတ်တတ်သော အလေ့အကျင့်ကောင်းလည်း ရှိနေမည် ဆိုလျှင်
ကျွန်တော်တို့၏ "ကွန်ပျုတာ အသုံးပြုမှု နေ့စဉ်ဘ၀" (Daily Computing Life) မှာ ပိုမို နှစ်သက်ပျော်ရွှင်ဖွယ်ရာ ဖြစ်လာပေမည်။
ကျွန်တော်တို့၏ နေ့တဓူဝ ကွန်ပျုတာနှင့်အင်တာနက် အသုံးပြုမှုများတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာ နေထိုင် အသုံးပြုနိုင်သော အခြေအနေကို ရရှိနေစေရန်အတွက် မဖြစ်မနေ ဆောင်ရွက်ထားရမည့် အနည်းဆုံး လုပ်ဆောင်ဖွယ်ရာများနှင့် ပိုမို ပြည့်စုံသည့် လုပ်ဆောင်ဖွယ်ရာများကို အောက်တွင် စုစည်း ဖော်ပြထားပါသည်။
အနည်းဆုံးလိုအပ်ချက်များ
(၁) ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတပ်ဆင်ရန်လိုအပ်သည်။ ထိုမျှမက ဗိုင်းရပ်စ်အမျိုးအစားသစ်များမှာ နေ့စဉ် ထွက်ပေါ်နေသည့် အတွက် တပ်ဆင်ထားသည့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲမှာလည်း ၎င်းဗိုင်းရပ်စ်များကို အချိန်နှင့်အမျှ အစဉ်အမြဲ သိနေစေရန် (Update) လုပ်ထားရမည်။ ကွန်ပျူတာကို ပုံမှန်စစ်ဆေးခြင်း၊ ခရီးဆောင်မှတ်Óဏ်ပစ္စည်း (Memory Stick, Pen Drive စသည်) များ တပ်ဆင်သည့်အခါတိုင်းတွင် ဗိုင်းရပ်စ်စစ်ဆေးပြီးမှ အသုံးပြုခြင်းများ ဆောင်ရွက်ဖို့ လိုအပ်သည်။ အင်တာနက်မှ ဖြတ်သန်းရောက်ရှိလာ သော စာ (email) များ၊ စာတို (message) များ၊ အင်တာနက်လိပ်စာ (link) များကို စနစ်တကျ စစ်ဆေးပြီးမှ ဖတ်ရှုဖို့လိုသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းများ မရှိလျှင်တော့ ကျွန်တော်တို့၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်ရောက် အနှောင့်အယှက်ပေးမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
(၂) စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲ (Antispyware) ကို အမြဲ Update လုပ်ပါ။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများသည် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတွင် ပါဝင်ပြီးသား ဖြစ်လေ့ရှိသည်။ ၄င်းကို အမြဲတမ်း Update လုပ်ထားဖို့လိုသည်။ ၄င်းဆော့ဖ်ဝဲဖြင့် မကြာခဏဆိုသလို ကွန်ပျူတာကို စစ်ဆေးပေးရမည်။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများကို နှစ်မျိုးသုံးမျိုးခန့်အထိ ထည့်သွင်းထားနိုင်သည်။ ဥပမာ Windows Vista တွင် စပိုင်ကာကွယ်ရေးအတွက် (Windows Defender) ပါရှိလာပြီးဖြစ်သော်လည်း - Spy Sweeper, Spybot စသည့် အခြားဆော့ဖ်ဝဲများကိုလည်း ထည့်သွင်းထားနိုင်သည်။ အရေးကြီးသည်မှာ ထည့်သွင်းထားသည့် အကာအကွယ်ဆော့ဖ်ဝဲများကို အမြဲတမ်း Update ဖြစ်နေအောင် ပြုလုပ်ထားရန်ပင် ဖြစ်သည်။
(၃) Firewall များဖြင့် ကွန်ပျူတာကို အကာအကွယ်ပေးထားပါ။ ကျွန်တော်တို့၏ ကွန်ပျူတာအတွင်းသို့ ၀င်ရောက်လာသော အချက်အလက်များ (Inbound Data) ၊ ကွန်ပျူတာအတွင်းမှ ပြန်လည်ပေးပို့လိုက်သော အချက်အလက်များ (Outbound Data) သွားလာစီးဆင်းရာ လမ်းကြောင်းအနေအထား (Traffic) များကို Bidirectional Firewall များက စောင့်ကြည့် စစ်ဆေးပေးလေ့ ရှိကြသည်။ ပန်းသီးကွန်ပျူတာများရှိ Mac OS နှင့် Windows Vista တို့တွင်ပါရှိသော Firewall များမှာ Bidirectional အမျိုးအစားများ ဖြစ်ကြသည်။ အကယ်၍ Windows XP နှင့် အခြားသော ၀င်းဒိုးစနစ်ဟောင်းများကို သုံးနေဆဲဖြစ်ပါက ZoneAlarm ကဲ့သို့သော Firewall များကို ထည့်သွင်းတပ်ဆင်ထားရန် လိုအပ်ပေသည်။
(၄) Firewall များနှင့်ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများကို တစ်ခုထက်ပို၍ ထည့်သွင်းထားခြင်းမျိုး မပြုလုပ်ပါနှင့်။ အပြင်လောကတွင် မီးခံသေတ္တာနှစ်ထပ်ဖြင့် အဖိုးတန်ပစ္စည်းများ ထည့်သွင်း ထားရှိခြင်းသည် ပိုမိုစိတ်ချရသည့် အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ကွန်ပျူတာစနစ်တစ်ခုအတွင်း Firewall ဆော့ဖ်ဝဲနှစ်မျိုးကို တပ်ဆင်အသုံးပြုပါက အကာအကွယ်နှစ်ဆ တိုးမလာတော့ဘဲ၊ တစ်ခုနှင့်တစ်ခု အပြန်အလှန် အနှောင့်အယှက် ပေးကာ စိတ်ညစ်စရာ နှစ်ဆတိုးလာနိုင်မည် ဖြစ်သည်။ ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများ ကိုလည်း နှစ်မျိုးမသုံးပါနှင့်။ တစ်မျိုးတည်း ကိုသာ တပ်ဆင်ပါ။ (စပိုင်ကာကွယ်ရေး ဆော့ဖ်ဝဲများကိုတော့ တစ်ခုမက တပ်ဆင် အသုံးပြုနိုင်ပါသည်)။
(၅) ကွန်ပျူတာ စနစ်များ၏ "နောက်ဆုံး အခြေအနေနှင့် ကိုက်ညီစေရန် အချိန်နှင့်တပြေးညီ အလိုအလျောက် ဖြည့်ဆည်းမှု" (Automatic Updates) စနစ်များကို ခွင့်ပြုထားပါ။ ကွန်ပျူတာစနစ်များကို အဓိကထုတ်လုပ်သည့် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Microsoft နှင့် Apple တို့သည် ၄င်းတို့ ရှာဖွေတွေ့ရှိသမျှ "စနစ်၏ လုံခြုံရေးဆိုင်ရာ လစ်ဟာချက်များ" (Security Holes) ကို ပုံမှန်ဖြည့်ဆည်းပေးနေလေ့ ရှိကြသည့် အတွက် Windows နှင့် Mac OS တို့၏ အခါအားလျော်စွာ (လိုအပ်သလို) Update ပြုလုပ်ခြင်းများကို တားဆီးမထားပါနှင့်။ Auto Update ပြုလုပ်ပါစေ။
(၆) EXE ဖိုင်များကို အလွယ်တကူ လက်မခံပါနှင့်။ . exe,.com, .bat နှင့် .scr တို့ဖြင့် အဆုံးသတ်လေ့ ရှိသော၊ လုပ်ငန်း တစ်စုံတစ်ရာကို ဆောင်ရွက်ပေးနိုင်သည့် (Executable) ဖိုင်များကို အင်တာနက်မှ ဒေါင်းလုဒ်ရယူကာ အသုံးပြုရသည့် ကိစ္စမှာ ရှောင်လွှဲရန် ခက်ခဲပေသည်။ သို့သော်လည်း မသိဘူး၊ မမြင်ဘူးသူများထံမှဖြစ်စေ၊ Forward ပြုလုပ်လိုက်သော အီးမေးလ်များမှ ဖြစ်စေ ရောက်ရှိလာသည့် Executable ဖိုင်များကိုတော့ သတိထားရန် လိုသည်။ အလားတူပင် .doc နှင့် .xls စသည့် Microsoft Word နှင့် Excel ဖိုင်များသည်လည်း Macro ဗိုင်းရပ်စ်များကို သယ်ဆောင်လာနိုင်သည့် အတွက် သတိပြုစစ်ဆေးရန် လိုအပ်သည်။
(၇) မိမိဆက်သွယ်နေသည့် လမ်းကြောင်းကို တိကျစွာ သတ်မှတ်ထားရှိပါ။ အကယ်၍ သင်သည် Broadband အမျိုးအစား အင်တာနက် ဆက်သွယ်မှုကို ရရှိ အသုံးပြုနေသူ ဖြစ်သော်လည်း Router တပ်ဆင်ထားခြင်း မရှိပါက Router တစ်ခု ၀ယ်ယူတပ်ဆင်အသုံးပြုပါ။ ကြိုးရှိ Router ဖြစ်စေ၊ ကြိုးမဲ့ Router ဖြစ်စေ အသုံးပြုနိုင်သည်။(၈) Hardware Firewall ကို အကာအကွယ် ယူထားပါ။ သင်၏ Router သည် "ကွန်ရက်လိပ်စာ ဘာသာပြန်ဆို ပြောင်းလဲမှု" NAT (Network Address Translation) ကို အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ ကွန်ပျူတာမှ ပွင့်နေသော Port များကို ရှာဖွေကာ အန္တရာယ်ပေးလာမည့်၊ အင်တာနက်မှ မသမာသူများ၏ ဘေးရန်ကို ကာကွယ်မှု ရရှိစေမည်။ ၄င်း Firewall သည် ဆက်သွယ်ရေး လမ်းကြောင်းများကို ကောင်းမွန်စွာရရှိစေရန် အထောက်အကူ ပြုနိုင်သော SPT (Stateful Packet Inspection) ကိုလည်း အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ Hardware Firewall မှ အဆိုပါ အင်္ဂါရပ်များကို ဖွင့်ထားပါ။ဆက်လက်ဖော်ပြပါမည်... >>> Malware / Antivirus
ဘလော့ဂ်ကို ကြားဖူးသူတိုင်း၊ ဘာမှမတတ်သူတိုင်း မည်သူ့အကူအညီမှ မယူဘဲ စနစ်တကျ တစ်ဆင့်ချင်း ကိုယ်တိုင် ဖန်တီးနိုင်စေဖို့ အခြေခံကစပြီး အဆင့်ဆင့် ရှင်းပြထားတဲ့ အခြေခံ ဘလော့ဂ်လုပ်နည်း အီးဘွခ် ဒီနေရာမှာ အခမဲ့ ရယူနိုင်ပါပြီ။ ဒီစာအုပ်ကို အခမဲ့ ဖြန့်ချိခွင့်၊ ကူးယူခွင့်၊ ပုံနှိပ်ခွင့်၊ ပြင်ဆင် ဖြည့်စွက်ခွင့် ပြုပါတယ်။ အခကြေးငွေ တစုံတရာ ရယူပြီး အမြတ်ထုတ်တာမျိုးကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ဒီအထဲက စာသားတွေ ရုပ်ပုံတွေကို ဘယ်ဂျာနယ် မဂ္ဂဇင်းမှာမှ ခွင့်ပြုချက် မရှိဘဲ ဖော်ပြခွင့် မပြုပါဘူး။ ဘာမှမတတ်သေးတဲ့ သူတွေအတွက်သာ ရည်ရွယ်တာမို့ ပြည့်စုံလုံလောက်ခြင်းတော့ မရှိသေးပါဘူး။ တတ်ကျွမ်းသူတွေက ဒါကို ထပ်မံဖြည့်စွက်ပြီး အဆင့်မြင့် ပြုပြင်နည်းစနစ်တွေပါ ထည့်သွင်းပေးနိုင်ရင် ပိုကောင်းမွန်တဲ့ Guide Book တစ်အုပ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ မြန်မာဘလော့ဂ် ရေးချင်သူတစ်ယောက် ရှိတဲ့အခါ ဒီစာအုပ်လေးကို ပရင့်ထုတ်ပြီး လက်ဆောင်ပေးလိုက်ပါ။ ဒီစာအုပ်နဲ့အတူ စေတန်ဂေါ့လေးရဲ့ Making Myanmar Blog စာအုပ်လေးကိုလည်း ပူးတွဲ ဖတ်ရှုဖို့ အကြံပေးလိုပါတယ်။ ပျော်ရွှင်ပါစေ။ဒီစာအုပ်လေးတွေကို ကြိုက်နှစ်သက်ရာ နေရာမှာ အဆင်ပြေသလို တင်နိုင်၊ ဖြန့်ချိနိုင်ပါတယ်။ ခွင့်ပြုချက် တောင်းခံစရာ မလိုသလို၊ ဒီဘလော့ဂ်ကိုသော်လည်းကောင်း၊ ပြုစုသူများကိုသော်လည်းကောင်း တကူးတက ညွှန်းဆိုပေးဖို့လည်း မလိုပါဘူး။နောက်ထပ် ကောင်းမွန်တဲ့ စာအုပ်လေး တစ်အုပ်ကို အင်တာနက်မှာ ထပ်မံတွေ့ရပါတယ်။ နိုင်ငံရေးဘက် အနည်းငယ် နွယ်ပေမယ့် နည်းပညာကို အဓိက သိရှိသွားစေနိုင်တာမို့ တလက်စတည်း ဖြန့်ဝေပေးလိုက်ပါတယ်။ နယ်စည်းမခြား ဘလော့ဂါများ အဖွဲ့က မြန်မာဘာသာကို ပြန်ဆို ပြုစုထားတဲ့ စာအုပ်လေးပါ။ ဒီနေရာမှာ ရယူနိုင်ပါတယ်။ (Link)ကျွန်တော်ဘ၀ ကွန်ပျူတာမှတ်စုSaturday, July 19, 2008 10:34 AM
ကျွန်တော် ဘ၀မှာ ကွန်ပျူတာကို ကိုင်တွယ်မည့်အချိန်နှင့် အခက်အခဲတွေ၊ အလုပ်လုပ်တာတွေ၊ အဆင်မပြေတဲ့အခါ၊ အားပေးနေတဲ့ အောက်ပါမှတ်စုလေးကို အမြဲအမှတ်ရနေမိပါတယ်

 ကွန်ပျူတာဆိုတာက စနစ်တကျတွေးခေါ်ပြီး ပြဿနာအဖြေရှာတက်အောင် လေ့ကျင့်ပေးတဲ့ အရာတစ်ခုသာဖြစ်ပါတယ်။

 ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်ဖို့ဆိုတာက သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေနှင့် ရေးဖွဲ့မှုဆိုင်ရာ ဥပဒေသတွေကို တိတိကျကျလိုက်နာတက်ဖို့ မှန်မှန်ကန်ကန်တွေးတော ဆင်ခြင်တက်ဖို့

 လမ်းညွှန်ချက်တွေ၊ လုပ်ထုံး လုပ်နည်းတွေကို အတိအကျလိုက်နာပြီး

 ယုတ္တိတန်တန်တွေးတောလုပ်ဆောင်နိုင်တဲ့လူတစ်ယောက်အဖို့ ကွန်ပျူတာကိုကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ပါတယ်

 ကိုင်တွယ်ပြီး ဆိုတာနှင့် တစ်ဆင့်ချင်း လမ်းညွှန်ချက် အသေးစိတ်မှန်သမျှကို ဂရုထားရမှာဖြစ်သည်

 ကွန်ပျူတာဆို ဘာမှမဟုတ် စက်တစ်လုံးသာဖြစ်တယ် ကိုယ်ခိုင်းတာကိုပဲလုပ်တက်တယ်

 လုပ်ဆောင်ရာမှာ အလွယ်ကူဆုံးအဆင့်ဖြစ်တဲ့ အစိတ်အပိုင်းလေးတစ်ခုမှာတောင် မျက်စိလျှံသွားရင်

 စက်ကအမှားတွေထွက်လာမယ်။ garbage in, garbage out ပါ။(GIGO)

 ကိုင်တွယ်တဲ့အခါ လမ်းညွှန်မှုပြုဖို့ လိုတယ်နည်းလမ်းတွေ ညွှန်ကြားချက်တွေကို တစ်သဝေမတိမ်း လိုက်နာပြီး

 စနစ်တကျ ကိုင်တွယ်ဖို့လိုပါတယ
 ကိုင်တွယ်ပြီဆိုတာနှင့် ဉာဏ်ရည်ဘယ်လောက်ပဲ မြင့်မြင့်အသေးစိတ်ဂရုပြုရမယ့် ကိစ္စတွေမှာပေါ့ပေါ့တန်တန်လုပ်ရင်သူလုပ်သမျှ အချည်းနှီးပါပဲ

 အထပ်ထပ်လေ့ကျင့်ခြင်းဖြင့် အတွေ့အကြုံတွေ တိုးပွားလာပြီး အရည်အချင်းပြည့်မီလာနိုင်ပါတယ်

 အဆင့်မြင်တဲ့အရည်အသွေးတွေ ရလာနိုင်ပါတယ်

စာဖတ်သူ ကျန်းမာရွှင်လန်းပါစေ..ချစ်စွာသောThursday, July 10, 2008 6:57 PMComputer HardwareSaturday, July 19, 2008 10:54 AM
Personal Computer တစ်လုံး ၀ယ်ယူတပ်ဆင်ရာတွင် သိသင့်သိထိုက်ရမည် Hardware အကြောင်းများ

Personal Clone Computer တစ်လုံး ၀ယ်ယူတပ်ဆင်ရာတွင် အဆင်ပြေကောင်းမွန်စွာ သုံစွဲနိုင်ရန်အတွက် ၀ယ်ယူသည့် အစိတ်အပိုင်းများကို တစ်ခုနှင့်တစ်ခု အဆင်ပြေ ကိုက်ညီအောင် ရွေးချယ်ဝယ်ယူရန် အရေးကြီးပါတယ်.။ တပ်ဆင်သည့် အစိတ်အပိုင်းတွေ ကိုက်ညီအဆင်ပြေမှု မရှိပါက သုံးစွဲရာတွင် အဆင်မပြေဖြစ်တတ်ခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရာတွင် error အဖြစ်များခြင်းနှင့် hardware ဆိုင်ရာ ပြသနာတွေ ဖြစ်ပေါ်တတ်ပါတယ်.။ အဆင်ပြေကိုက်ညီသော ကွန်ပျုတာတစ်လုံး ရွေးချယ်ရာတွင် motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် vedio adapter(VGA) တို့ကိုက်ညီဖို့က အရေးကြီးအဆုံးဖြစ်ပါတယ်..။ monitor, Harddisk Drive, Floppy Drive, CD/DVD Drive တို့ကတော့ မိမိအဆင်ပြေသလို စိတ်ကြိုက်အရွေးချယ် ၀ယ်ယူနိုင်ပါတယ်..။ အခုအပိုင်းမှာ motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် vedio adapter(VGA) တို့ကို ဘယ်လို ကိုက်ညီအောင် ရွေးချယ်မလဲ ဆိုတာကို ကျွန်တော်လေ့လာထားသလောက် ရှင်းလင်းပြောပြ ပေးသွားပါမယ်..။ processor တွင် Intel နှင့် AMD ဆိုပြီးနှစ်မျိုးရှိရာတွင် အသုံးအများဆုံးသော intel peocessor အခြေခံ ကွန်ပျုတာအတွက် အစိတ်အပိုင်း ရွေးချယ်မှုကို အရင်ဆုံး ဖော်ပြပေးပါသွားပါမယ်.။ AMD processor ကိုအသုံးပြုတဲ့ ကွန်ပျုတာတွေ အတွက်ကိုတော့ နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်.။ ရွေးချယ်ဝယ်ရာတွင် အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အချက်အလက် information တွေကို internet တွင်ဖြစ်စေ၊ ၀ယ်ယူမည့်ဆိုင်ရဲ့ webpage တွင်ဖြစ်စေ၊ လမ်းညွန်စာအုပ်တွေကို ဖြစ်စေ ဖတ်ရှုပြီး ရှာဖွေကြည့်နိုင်ပါတယ်.။(၁) MotherboardMotherboard ကို ရွေးချယ်ရာတွင် Processor Pin socket အရေအတွက်၊ memory slot(RAM အတွက်) အရေအတွက်၊ IDE နှင့် SATA slot( HDD နှင့် CD drive အတွက်) အရေအတွက်၊ VGA slot အမျိုးအစား နှင့် expanstion slot ( Network card, sound card စသည့်တို့အတွက်) အရေအတွက် တွေကို အကြမ်းဖျင်း ကြည့်ရှုကာ ရွေးချယ်ကြပါတယ်.။ Motherboard မှာ Intel Processor အတွက် motherboard နဲ့ AMD processor အတွက် AMD processor board ဆိုပြီး နှစ်မျိုးရှိပါတယ်.။ အသုံးများတာကတော့ Intel proceesor ပါ။ Intet processor board တွေမှာ Processor Pin Socket အနေနဲ့ LGA 478 နဲ့ LGA 775 ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါပြီး အခုနောက်ပိုင်းမှာ LGA775 တွေသာ အများဆုံး ထုတ်လုပ်အသုံပြုနေကြပါတယ်.။ အသုံးများတဲ့ motherboard အမျိုးအစားတွေကတော့ Asus နဲ့ GigaByte အမျိုးအစားတွေ ဖြစ်ကြပါတယ်.။(၂) Motherboard နှင့် ProcessorMotherboard နှင့် processor ကို ကိုက်ညီအောင်ရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်တွေကို ကြည့်ရှုရွေးချယ်ရပါမယ်.။- Processor Pin socket အတွက် (socket 775 /socket 478 ) ဆိုတာကို အရင်ကြည့်ရပါမယ်.။ motherboard မှာ 775 ဆိုရင် processor socket 775 ကိုဝယ်ရပါမယ်.။ 478 ဆိုရင်တော့ processor 478 မှကိုက်ညီပါမယ်.။-Motherboard က ဘယ် processor အမျိုးအစားကို suppot လုပ်တယ်ဆိုတာ ကြည့်ရှုရပါမယ်။ Pentium 4 လား၊ Pentium D လား၊ Pentium Core2Duo လား၊ Celeron ကို support လုပ်လားဆိုတာ သေချာ ကြည့်ရှုရပါမယ်.။- Front Side Bus(FSB) အတွက် motherboard front side bus MHz နဲ့ processor front side bus ရဲ့ MHz တို့ တူညီမှု ရှိမရှိကို ကြည့်ရပါမယ်.။ Front side bus ကို MHz နဲ့ဖော်ပြပြီး 533/800/1066/1333 MHz ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်.။ Processor FSB ဟာ 1066 MHz ရှိမယ်ဆိုရင် motherboard ကလည်း 1066 MHz support ဖြစ်တာကို ရွေးချယ်ရပါမယ်.။- Processor ကိုရွေးချယ်ရာတွင် OEM နဲ့ BOX ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်.။ OEM ဆိုရင် Processor fan (CPU cooler) မပါပဲ processor အလုံးလိုက် ရောင်းချတာ ဖြစ်ပါတယ်။ BOX ဆိုရင်တော့ Processor+ Fan ပါ တစ်ခါထဲ ပါပြီးသား ဖြစ်ပါတယ်.။ OEM ကိုဝယ်မယ်ဆိုရင်တော့ Processor Fan( cooler) ကို ထပ်မံဝယ်ယူရန် လိုအပ်ပါတယ်.။(၃) Motherboard နှင့် RAMMotherBoard နဲ့ RAM အမျိုးအစား ကိုက်ညီမှု ရှိမရှိ ရွေးချယ်နိုင်ရန်အတွက်-- motherboard က RAM က ဘာအမျိုးအစားလဲ ဆိုတာ အရင်ကြည့်ရပါမယ်။ DDR လား၊ DDR II လား၊ DDR III အမျိုးအစားလား ဆိုတာ အရင်ကြည့်ရပါမယ်။- RAM အမျိုးအစားကို အများအားဖြင့် DDR PC 3200(400Mhz), DDR II PC2 4200(533Mhz), DDR II PC2 5300 (667Mhz) စသည်ဖြင့် ဖော်ပြတတ်ကြပါတယ်.။ Capacity ကိုတော့ Mhz ဖြစ်နဲ့ ဖော်ပြထားပါတယ်.။-Motherboard မှာ Support ဖြစ်တဲ့ RAM ကိုတော့ ဥပမာ- DDR II DIMM (400/533/667) Mhz ဆိုပြီးဖော်ပြတတ်ပါတယ်.။ motherboard support ဖြစ်တဲ့ RAM Mhz နဲ့ ရွေးချယ်မဲ့ RAM Mhz တို့ကိုက်ညီ တူညီမှု ရှိရပါမယ်.။-တစ်ချို့ Board တွေမှာ memory slot ၂ ခုသာပါပြီး တစ်ချို့မှာတော့ memory slot 4 ခုအထိ ပါပါတယ်.။ Memory ကိုထပ်ပြီး upgrade လုပ်ဖို့ အစီအဉ်ရှိတယ် ဆိုရင်တော့ slot များတာကို ရွေးပါ.။ motherboard က dual channel support လားဆိုတာ သေချာ ဖတ်ကြည့်ပါ.။- Dual Channel Motherboard ဆိုရင် RAM ကို နှစ်ချောင်းတပ်ပြီး သုံးစွဲရမှာ ဖြစ်ပါတယ်။ ဥပမာ RAM ကို 1GB တပ်မယ်လို့ စိတ်ကူးထားရင် Dual Channel board မှာ 512 MB RAM ၂ ချောင်းစိုက်ပေးမှ စက်ရဲ့လုပ်ဆောင်မှု ကောင်းမွန်အဆင်ပြေမှာ ဖြစ်ပါတယ်.။ Dual Channel Board တွေမှာ အများအားဖြင့် Memory Slot ၄ ချောင်းပါတတ်ပြီး 4GB အထိ အများဆုံး ထည့်လို့ရပါတယ်.။ တွဲသုံးရမဲ့ slot တွေကို အနီ အ၀ါ စသည်ဖြင့် တွဲပြီး သတ်မှတ်ပေးထားပါတယ်..။(၄) Motherboard နှင့် vedio adapter(VGA)Motherboard နှင့် vedio adapter(VGA) ကိုက်ညီမှု ရှိမရှိ ရွေးချယ်ရာတွင်-- VGA card slot တွင် AGP slot type နဲ့ PCI x 16 slot type ဆိုပြီး နှစ်မျိုးရှိပါတယ်။ motherboard support မှာ ACP slot ဆိုရင် AGP type အမျိုးအစား VGA ကို ရွေးချယ်ရပါမယ်။ motherboard က PCIx16 slot ဆိုရင် PCI type အမျိုးအစား VGA ကို ရွေးချယ်ဝယ်ယူရပါမယ်။- Graphic Card မှာ active cooling ဆိုတဲ့ ပန်ကာသုံးတဲ့ VGA အမျိုးအစားနဲ့ passive cooling ဆိုတဲ့ ပန်ကာမသုံးသော အအေးခံတဲ့ VGA ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်.။ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်.။ ကျွန်တော်ကတော့ passive cooling ကို ပိုကြိုက်ပါတယ်..။(၅) Harddisk Drive(HDD)HDD ကို ရွေးချယ်ဝယ်ယူရာတွင် 40GB,80 GB, 120GB,160GB, 200GB, 250 GB, 300 GB, 320 GB စသည့်ဖြင့် မိမိစိတ်ကြိုက် capacity ကို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်.။-HDD မှာ IDE cable သုံးတဲ့ HDD နဲ့ SATA cable သုံးတဲ့ HDD ဆိုပြီး ၂ မျိုးရှိပါတယ်..။- HDD cache အနေနဲ့ 8Mb,10.2 Mb,16 Mb စသည့်ဖြင့် အမျိုးအစား အမျိုးမျိုးရှိပြီး Mb များလေး ဈေးကြီလေ.. ဈေးကြီးလေ ကောင်းလေပါပဲ.. :)ကျွန်တော့် အကြိုက်ဆုံးကတော့ SATA အမျိုးအစား ဖြစ်ပါတယ်.။(၆) Casing-Casing မှာ Tower (ပုံးအကြီး) နဲ့ miniTower (ပုံးအသေး) ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။-ပုံးအကြီးမှာ ATX motherboard ကို တပ်နိုင်တဲ့အပြင် microATX motherboard အသေးကိုပါ တပ်ဆင်လို့ရပါတယ်.။-ပုံးအသေး(minitower) မှာတော့ microATX motherboard အသေး တစ်ခုတည်းကိုသာ တပ်ဆင်လို့ရပါတယ်။-ပုံးအသေးဝယ်မယ်ဆိုရင် နောက်ထပ် hardware တွေထပ်ထည့်ပြီး upgrade လုပ်ဖို့ အတွက် အခက်အခဲ ၇ှိတတ်ပါတယ်..။ ပုံးအသေးမှာ CD drive 1 ခု၊ HDD အများဆုံး 2 လုံးသာတပ်လို့ရပြီး. နောက်ထပ်ထည့်ဖို့ နေရာမရှိပါဘူး..။ ပုံးအကြီးကတော့ upgrade လုပ်ဖို့ရာ အဆင်ပြေပါတယ်.။- ပုံးဝယ်ယူမယ်ဆိုရင် အဓိကကျတာ power supply ပါ။ 300 watt, 350 watt, 400 watt, 420 watt စသည်ဖြင့် watt ပေါ်လိုက်ပြီး အမျိုးအစားကွဲကြပါတယ်.။ watt များတာ ၀ယ်လေလေ စိတ်ချရလေလေပဲပါ..။ အများအားဖြင့် watt 350, 400 ဆိုရင် လုံလောက်ပါတယ်.။င်္Floppy Drive, DVD/CD Drive နဲ့ Monitor တွေကိုတော့ မိမိစိတ်ကြိုက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူလို့ရပါတယ်။ အဓိကအားဖြင့် motherboard, processor,RAM, VGA card ကိုက်ညီမှု ရှိမယ်ဆိုရင် အဆင်ပြေ ကောင်းမွန် သွက်လက်သော ကွန်ပျုတာ တစ်လုံးကို ရရှိမှာဖြစ်ပါတယ်.။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

No comments:

Post a Comment